Pages

Sunday, May 15, 2016

ရန်ကုန် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ရဲအင်အား ၃၀၀ ကျော် တိုးမြှင့်

RangonNewsDaily::Sunday. 15 May. 2016
ရန်ကုန်တိုင်းဒေသကြီး၏ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ စီမံချက်ကာလတွင် ရဲတပ်ဖွဲ့အင်အား ၃၀၀ ထပ်မံ တိုးမြှင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ရဲအင်အား ၃၀၀ ကို မှုခင်းဖြစ်ပွားနိုင်သော မြို့နယ်များတွင် တပ်စုအလိုက် ခွဲဝေကာ မှုခင်းကြိုတင် ကာကွယ်မှုများ ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တွင် လူဦးရေ အများဆုံးဖြစ်သော လှိုင်သာယာမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ဖြင့် ရပ်ကွက်အတွင်း လှည်းကင်းများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး လှဝေက ပြောကြားသည်။

ရက် ၁၀၀ စီမံချက်ဖြင့် ရန်ကုန်မြို့တော်၏ လုံခြုံရေးနှင့် မှုခင်း ကျဆင်းရေးကို အထူးတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မေလ ၁ ရက်မှ ၁၄ ရက်နေ့အထိ အမှုပေါင်း ၁၅၅၄ မှုကို ဖမ်းမိခဲ့ပြီး ပြေးလေးပြေး ၁၀၇ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment