Pages

Monday, March 7, 2016

မန္တလေး-မူဆယ် မှန်လုံကား လားရှိုးမြို့ရှောင်လမ်းတွင် တိမ်းမှောက် လူနှစ်ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိ


RangonNewsDaily::March . 6 .2016
မတ်လ(၆)ရက်၊နံနက်(၅)နာရီ အချိန်ခန့်တွင် လားရှိုးမြို့ရှောင်လမ်းမ မိုင်တိုင်အမှတ် ၂/၆ ၊ ၂/၇ ကြား၊လားရှိုးမြို့မှ အနောက်တောင်(၇)မိုင်ခန့်အကွာတွင် မန္တလေး--မူဆယ် သို့တိုက်ရိုက်ပြေး ဆွဲနေသော မှန်လုံ ယာဉ်ကြီး တိမ်းမှောက်သောကြောင့် ခရီးသည်နှစ်ဦးသေဆုံးကာအခြားခရီးသည် ဆယ်ဦးခန့်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၊နွားထိုးကြီးနှင့်အနီးပတ်ဝန်းကျင်ရှိ ရွာသူ၊ရွာသားများ စုပေါင်း(၅၂)ဦး စီးနင်းလာသော အဆိုပါ ခရီးသည်တင်မှန်လုံယာဉ် သည် မန္တလေးမှ မူဆယ်သို့ အသွား ယခုလိုတိမ်းမှောက်ခြင်းဖြစ်ကာ ယာဉ်ပေါ်တွင် ခရီးသည်ကျား (၃၆)ဦး၊မ(၁၆)ဦးတို့စီးနင်းလိုက်ပါလာခဲ့ကြပြီး အဆိုပါခရီးသည်များထဲမှ ကိုဌေး(ခ) ဌေးအောင် (၃၅)နှစ်၊နွားထိုးကြီးဒေသ နှင့် ကိုစိုးနိုင်(၄၀)နှစ် ၊နွားထိုးကြီးဒေသတို့နှစ်ဦးသေဆုံးကာ ကျား(၄)ဦး၊မ(၅)ဦး တို့ ထိခိုက်ဒဏ်ရာများရရှိသောကြောင့် လားရှိုးပြည်သူ့ ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်းသိရှိရပါသည်။
.
ကားမှောက်မှုကြောင့် ဘယ်ဘက်လမ်းကျိုး သွားသော မောင်စည်သူ လွင်(၁၉)နှစ် အား ၄င်း တက်ရောက် ဆေးကုသ မှုခံယူနေသော လားရှိုးပြည်သူ့ဆေးရုံကြီး သို့ သွားရောက်မေးမြန်းကြည့်ရာ " ကျွန်တော် တို့က နွားထိုးကြီးကပါ အခုကားပေါ်ပါလာတဲ့ (၅၂)ယောက်စလုံးက မူဆယ် / တရုတ်ပြည်ဘက်အလုပ်သွားလုပ်ဖို့ ကားတစ်စီးတည်း အတူစီးလာ ကြတာပါ၊ ကားမှောက်တဲ့နေရာက သိပ်လည်းအကွေ့ကြီး မဟုတ်ပါဘူး၊ကျွန်တော်က ကားညာဘက်ခြမ်းမှာထိုင်ပါတယ်၊ ကားလည်းမှောက်ရော ကျွန်တော်လက်လည်း ထိုင်ခုံနဲ့အောက်မှာ ညှပ်နေတာ၊ဆယ့်ငါးမိနစ်လောက်ရှိတယ်၊ထုတ်လို့ လည်းမရ၊ထလို့လည်းမရဘူး၊နာရီဝက်လောက်ကျတော့ ကူညီဖို့လူတွေရောက်လာပါတယ်
.
သေသွားတဲ့လူနှစ်ယောက်ထဲ ကတစ်ယောက်က ရပ်မျိုးဆွေမျိုးတော်ပါတယ်၊နောက်တစ်ယောက်ကတော့ တစ်ရွာကျော်ကပါ၊ ကျွန်တော့်ဘယ်ဘက် လက် အရိုးတစ်ချောင်းကျိုးသွားတယ်လို့သိရပါတယ်၊အခုကျောက်ပတ်တီးစည်းထားပါတယ်၊ရွာကဆွေမျိုးတွေလည်းလိုက် လာနေပြီလို့ဖုန်းအဆက်အသွယ်ရပါတယ်လို့ ပြန်လည်ဖြေကြားသွားပါသည်။
ယခုကဲ့သို့လူသေမှု၊ထိခိုက်ဒဏ်ရာရရှိမှု တို့အတွက် ယာဉ်မောင်းအား (ပ) ၁၂/၁၆၊၂၉၉ / ၃၃၇ /၃၃၈ /၃၀၄(က) /၂၀၂ တို့ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်းသိရှိရပြီး ယာဉ်မောင်း(စုံစမ်းဆဲ)မှာ ယာဉ်ကိုထားရှိပြီးထွက်ပြေး တိမ်းရှောင် နေကြာင်းသိရှိရပါသည်။
CH / Democracytoday ::--RangonNewsDaily






0 comments:

Post a Comment