Pages

Monday, March 7, 2016

အင်တာနက်မကောင်းလို့အခန်းပြောင်းလိုက်တဲ့ နိင်ငံခြားံသား ဟိုတယ်ပေါ်မှပြုတ်ကျသေဆုံး


RangonNewsDaily::March . 6 .2016
ယနေ့နံနက်ခင်း၀၆၅၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ 
န၀ဒေးလမ်း၊ ရှိ ALFA Hotel (၁၀)လွှာ၊ အခန်းအမှတ်(၁၀၀၃)တွင် 
တည်းခိုလျက်ရှိသော ဂျပန်နိုင်ငံသား Mr. KURIHARA KENTARO (၅၃)နှစ်
သည် အဆိုပါအခန်းအမှတ်(၁၀၀၃)ပြူတင်းပေါက်မှ ပြုတ်ကျခဲ့ရာ ဓါတ်ကြိုးနှင့် 
ဟိုတယ်ရှေ့တွင်ရပ်ထားသော ကားခေါင်မိုးပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့
ပြုတ်ကျပြီး သေဆုံးသွားကြောင်း မြန်မာမာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ဂျပန်နိုင်ငံသားမှာ SOJITZ Corporation Yangon နှင့်ဆက်သွယ်၍ 
စားသောက်ကုန်လုပ်ငန်း များဆောင်ရွက်ရန် ၂၈.၂.၂၀၁၆ ရက်နေ့က ALFA 
Hotel သို့ရောက်ရှိခဲ့ပြီး အခန်းအမှတ်(၁၀၀၉)တွင် တစ်ဦးတည်း တည်းခိုနေ
ထိုင်ရာမှ ၅.၃.၂၀၁၆ ရက်နေ့တွင် ၎င်းအခန်းမှာ အင်တာနက်ဆက်သွယ်မှု 
မကောင်းသဖြင့် အခန်းအမှတ်(၁၀၀၃)သို့ တစ်ဦးတည်း ပြောင်းရွှေ့တည်းခို
ခဲ့ကြောင်းသိရပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် ၄/၂၀၁၆ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Popular News ::--RangonNewsDaily





0 comments:

Post a Comment