Pages

Tuesday, March 15, 2016

ပြည်သူကရွေးချယ်ခဲ့သော မြန်မာနိုင်ငံတော်၏ န၀မမြောက် သမ္မတကြီး ဦးထင်ကျော်


RangonNewsDaily::March . 15 .2016
ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ဦးတို့ကို အသီးသီးရွေးကောက်တင်မြှောက်ခဲ့ရာမှာ မဲပေးခွင့်ရှိသူပေါင်း ၆၅၂မဲထဲမှာဦးထင်ကျော်က မဲပေါင်း ၃၆ဝ အတိနဲ့ ရွေးကောက်ခံ နိုင်ငံတော်သမ္မတဖြစ်လာပြီး စစ်တပ်ကတင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက မဲပေါင်း ၂၁၃မဲ၊ အမျိုးသားလွှတ်တော်က တင်မြှောက်တဲ့ ဟင်နရီဗန်ထီးယူက ၇၉မဲတို့ အသီးသီးရရှိသွားပါတယ်။
ဦးထင်ကျော် (နိုင်ငံတော်သမ္မတ) ၃၆ဝ မဲ
ဦးမြင့်ဆွေ (ဒုတိယသမ္မတ ၁) ၂၁၃ မဲ
ဟင်နရီဗန်ထီးယူ (ဒုတိယသမ္မတ ၂) ၇၉ မဲ





ဦးထင်ကျော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ န၀မမြောက် သမ္မတကြီး 
အဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၅ရက် (အင်္ဂါနေ့) မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်အချိန်တွင် မဲပေါင်း ၃၆၀ ကို ရေတွက်ပြီးစီးသွားကြောင်း မှတ်သား ထားပါသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုတိယသမ္မတများအဖြစ် ဦးမြင့်ဆွေနဲ့ ဟင်နရီဗန်ထီးယူတို့ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အတည်ပြုကြေညာပြီး ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ရပ်နားလိုက်ပါတယ်။
လွတ်တော်သတင်း
KOLATT(PBDN)

RangonNewsDaily








0 comments:

Post a Comment