Pages

Tuesday, March 15, 2016

သမ္မတကြီး ဦးထင်ကျော်ရဲ့ဇနီးဒေါ်စုစုလွင်၏ကိုယ်ရေးအကျဉ်း


RangonNewsDaily::March . 15 .2016
ဒေါ်စုစုလွင်ဆိုတာ............................
သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က မဲပေါင်း၄၉၆၁၆နဲ့
အနိုင်ရရှိသွားတဲ့အမတ်လောင်းတစ်ဦးဖြစ်ပါတယ်
ပြည်သူလွှတ်တော်ကိုယ်စားလှယ်( ၁၅ )ဦးနဲ့ဖွဲ့စည်းထားတဲ့
နိုင်ငံတကာဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ
ဒီချုပ်ပါတီ ထည်ထောင်စဉ်ကပင်ပါဝင်ခဲ့သော ဥက္ကံ ကျေးရွာ သုံးခွမြို့မှ ဦးရွှေလာ - ဒေါ်မိန်းကလေးတို့၏မျိုးဆက်ဖြစ်သည့်
-
ဦးလွင် ဒေါ်တင်မမလေးတို့၏သမီးနှစ်ယောက်အနက်အကြီးဆုံး
မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း
အမေရိကန်နိုင်ငံ ဝာရှင်တန်မြို့ Radnor Elementary School
အထက၃ မော်လမြိုင်,အထက၂ ကမာရွတ်တို့တွင်ပညာဆည်းပူးခဲ့သည်



ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိ
ထားပြီး မြန်မာနိုင်ငံပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်တာဝန်
ထမ်းဆောင်ခဲ့သည် 
.
သြစတေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်း
ဆိုင်ရာဘွဲ့လွန် သင်တန်းတက်ရောက်ခဲ့ပြီး
ရန်ကုန်တက္ကသိုလ်က ထိကရာထူးမှ နှုတ်ထွက်ခဲ့သည်
.
၁၉၈၉ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်ပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း၌ အင်္ဂလိပ်စာသင်တန်း
များပို့ချခဲ့သည်။
.
၁၉၉၀ ခုနှစ်မှစ၍ UNICEFတွင် ပညာရေး စီမံကိန်းအရာရှိ အဖြစ်
ထမ်းဆောင်ခဲ့သည် - လူအခွင့်အရေးအခြေပြု စီမံကိန်း ရေးဆွဲခြင်း
တာဝန်များလည်းထမ်းဆောင်ခဲ့သည်။
.
တာဝန်ထမ်းဆောင်စဉ် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ 
သင်တန်း များကို ဖိလစ်ပိုင်း ထိုင်း အင်ဒိုနီးရှား ဗီယမ်နမ် မော်ရိုကို
တို့တွင်တက်ရောက်ခွင့်ရခဲ့သည်။
.
၁၉၉၉-၂၀၀၀ - မှစ၍ သုံးခွမြို့နယ်တွင် ကျောင်းနေအရွယ် အားလုံး
ကျောင်းနေ စီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်
စီမံရေးအရာရှိအဖြစ် UNICEFဘက်မှဆောင်ရွက်ခဲ့သည်။
.
၂၀၀၅ - ခုနှစ်မှစ၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ငန်း
များကို ယခုတိုင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။
.
အမေ့အိမ်အခမဲ့ ပညာဒါန ကျောင်းများဖွင့်ကာ စေတနာ့ဝန်ထမ်း
ဆရာဆရာများအား ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းများ
ပို့ချ ဆွေးနွေး ပေးလျက်ရှိသည်။ ၁၉၇၃ - ခုနှစ်တွင် ဦးထင်ကျော်နှငိ့ လက်ထပ်ခဲ့သည်

KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment