Pages

Sunday, October 4, 2015

ကမ္ဘာလှည့် စာအုပ် အရောင်းဆိုင် သင်္ဘောကြီး LOGOS HOPE ရန်ကုန်မြို့ သို့ ရောက်ရှိ


RangonNewsDaily:: October . 3 .2015
ရေပေါ်စာအုပ်ဈေး ပွဲတော် ပြု လုပ်ရောင်း ချမည့် LOGOS HOPE ကမ္ဘာလှည့် စာအုပ် အရောင်းဆိုင် သင်္ဘောကြီး ရန်ကုန်မြို့ အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သို့ အောက်တို ဘာလ ၂ ရက်နေ့ က ရောက်ရှိ ဆိုက်ကပ်ထား ကြောင်းသိရသည်။
အဆိုပါ သင်္ဘောကြီးပေါ်တွင် နိုင်ငံတကာ စာအုပ် အမျိုးအစားပေါင်းစုံ ၅၀၀၀ ကျော် ပါဝင်ပြီး အောက်တိုဘာ လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ အများပြည်သူ တတ်နိုင်သော ဈေးနှုန်းဖြင့် ရောင်းချသွား မည် ဖြစ်ကြောင်း သိရသည်။















ကမ္ဘာ့အကြီးဆုံး စာအုပ်သဘောင်္ဖြစ်တဲ့ LOGOS HOPE သဘောင်္ကြီးရဲ့ရေပေါ်စာအုပ်အရောင်းပြပွဲဖွင့်ပွဲကြီးကိုအောက်တိုဘာ၃ရက်နေ့မနက်၁၀နာရီကရန်ကုန်မြို့၊အလုံအပြည်ပြည်ဆိပ်ကမ်းမှာပြုလုပ်ခဲ့ပါတယ်။
.
အဆိုပါဖွင့်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊Captain James Dyer (Master ,Logos Hope )နဲ့Seelan Govender (Managing Director ,Logos Hope )တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ရေပေါ်စာအုပ်အရောင်းပြပွဲကြီးကိုအောက်တိုဘာ၃ရက်နေ့မှ၁၄ရက်နေ့အထိဝင်ကြေးအခမဲ့ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


LOGOS HOPE သဘောင်္ကြီး နေရာကတော့ ဆင်မင်းဈေးမှတ်တိုင်နား AIPT(Ahlone Internal Port Terminal )ဆင်မင်းဈေး မှတ်တိုင် နဲ့ သစ်တောလမ်းမှတ်တိုင်ကြား ကြည့်မြင်တိုင်ကမ်းနားလမ်းမှာပါ..
Popular News::--KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment