Pages

Sunday, October 4, 2015

ဘုန်းကြီးတစ်ပါးမှကပ္ပိယတစ်ဦးအားဓားဖြင့်ထိုးသတ်မှုမြောက်ဥက္ကလာပတွင်ဖြစ်ပွား


RangonNewsDaily:: October . 3 .2015
ဘုန်းကြီးတစ်ပါးမှကပ္ပိယတစ်ဦးအားဓားဖြင့်ထိုးသတ်မှုမြောက်ဥက္ကလာပတွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်(ဌ)ရပ်ကွက်၊ပုလဲသွယ်လမ်းရှိမနောသုခကျောင်းတိုက်တွင် ခန်းနေဆရာတော် ဦးရာဇိန္တ(ခ)ဦးလှထွန်း သည်အဆိုပါကျောင်းအတွင်းကပ္ပိယအဖြစ်လုပ်ကိုင်လျက်ရှိသော ဦးရွှေမြတို့နှင့်စကားများကာအရိုးအသွား(၈)လက်မခန့်ရှိဓားဖြင့်ထိုးမှုတစ်ခုဖြစ်ပွားခဲ့သည်။



အဆိုပါဓားထိုးခံရမှုကြောင့် ကိပ္ပိယ ဦးရွှေမြတွင် လည်ပင်းထိုးသွင်းဒဏ်ရာ၊၀မ်းဗိုက်ပေါက်ထွက်သည့်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်းမြောက်ဥက္ကလာပ မြို့နယ်မှုးထံမှသိရသည်။


`တရားခံစိတ်ရောဂါရှိလို့ဆေးရုံတက်ပြီးဆေးကုသမှုခံဖူးတယ်လို့တော့ထွက်ဆိုထားတယ်၊ဒါပေမယ့်ဆေးလက်မှတ်တွေဘာတွေတော့မပြနိုင်သေးပါဘူး´ဟု၎င်းကဆက်ပြောသည်။


ဓားဖြင့်ထိုးခဲ့သည့် ခန်းနေ ဆရာတော် ဦးရာဇိန္တ(ခ)ဦးလှထွန်း မှာအသက် ၄၆ နှစ်ခန့်ရှိပြီး ၀ါတော် ၂ နှစ်ခန့်ရှိကြောင်းသိရသည်။အဆိုပါအမှုအားဝေဘာဂီရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ဇေဝေယံ
Popular News ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment