Pages

Friday, October 2, 2015

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းမှာ ပါတီတံဆိပ်နဲ့ အလံတပ်ဆင်ထားတဲ့ ကားတွေကို တားမြစ်

RangonNewsDaily:: October . 2 .2015
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာ ရှိတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းဝင်း ထဲကို ဝင်ရောက်မယ့် ကျောင်းသားပိုင် မော်တော်ယာဉ်တွေနဲ့ ပြင်ပ မော်တော်ယာဉ်တွေမှာ ပါတီအလံနဲ့ တံဆိပ် တပ်ဆင်ထားမယ်ဆိုရင် ဒီနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ကစပြီး ဝင်ရောက်ခွင့် မပြုဖို့ ပါမောက္ခချုပ်က တားမြစ်ချက် ထုတ်ပြန်ထားတာကြောင့် ဂိတ်စောင့် ဝန်ထမ်းတွေက ဝင်ရောက်ခွင့် မပြုခဲ့ဘူးလို့ စီးပွားရေးတက္ကသိုလ် ဘွဲ့လွန် သင်တန်းသားတွေထံမှ သိရပါတယ်။
“ကျွန်တော် အရင်ရက် တွေကလည်း ကားစက်ဖုံးမှာ စတစ်ကာတစ်ချပ်နဲ့  ပါတီအလံတစ်ခုကို တပ်ထားပြီး ကျောင်းတက်နေ့ ကျပါ။ဒီနေ့ နံနက် ၇ နာရီအတန်းကို သွားတက်တော့ ကျောင်းစောင့်က ပါတီအလံနဲ့ ပါတီအမှတ်တံဆိပ် တပ်ဆင်ထားတဲ့ ကားတွေကို ပါမောက္ခချုပ်က တားမြစ်ခိုင်းထားလို့ ဝင်ခွင့် မပြုနိုင်ကြောင်း လာတားတယ်။ကျွန်တော်က ဘာလို့လဲ ငါဆက်သွားမှာပဲ ဆိုတော့ ကျွန်တော်တို့ အလုပ်ပြုတ်ကုန်လိမ့်မယ် ဆိုပြီးတော့ တောင်းပန်တဲ့ အတွက် ကျောင်းအပြင်မှာ ကားထားပြီး စာသင်ခန်းထဲ ဝင်ခဲ့ရတယ်” လို့ အဲ့ဒီစီးပွားရေး တက္ကသိုလ်မှာ Master of Banking and Fainance တက်ရောက်နေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့(စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းမှ စတင်ပြီး စီးပွားရေးတက္ကသိုလ် အဓိပတိလမ်း ပေါက်ဘက်မှ ဝင်လာတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြင်ပမှ ဝင်ရောက်လာတဲ့ကားတွေကို ပါတီအလံနဲ့ တံဆိပ် တပ်ဆင်ထားပါက ကျောင်းတွင်းဝင်ရောက်ခွင့် တားမြစ်နေတာဖြစ်ကာ ကျောင်းဂိတ်စောင့်တာဝန်ကျ ဝန်ထမ်းတွေကိုလည်း ပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦးရဲ့ ညွှန်ကြားချက်နဲ့ တားမြစ်နေတယ်ဆိုတဲ့ စကားမှလွဲပြီး ဘာမှ မေးမြန်းလို့ မရဘူးလို့ စီးပွားရေးတက္ကသိုလ် ဘွဲ့လွန်သင်တန်းသား တချို့ထံမှ သိရပါတယ်။

“ကျွန်တော့် သူငယ်ချင်းတစ်ယောက်က မနေ့ကမှ ပါတီအလံ သေးသေးလေးတစ်ခု တောင်းလို့ ပေးလိုက်တဲ့ဟာကို ကားမှာ တပ်လာတော့ သူကျတော့ တားမြစ်မခံရဘူး။ ဒါက မဖြစ်သင့်ပါဘူး။ ကျောင်းမှာ ပါတီနိုင်ငံရေး လုပ်တာမျိုးလည်း မဟုက်ဘဲ ကိုယ်ကြိုက်လို့ တပ်လာတဲ့ အလံကို တားမြစ်တယ် ဆိုတာက လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို ချိုးဖောက်တယ်လို့ မြင်ပါတယ်” လို့ အဲ့ဒီ စီးပွားရေးတက္ကသိုလ်မှ ဖွင့်လှစ်ထားတဲ့ နံနက်ပိုင်း ဘွဲ့လွန်သင်တန်း တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အဲ့ဒီလိုကျောင်းသားတွေရဲ့ မော်တော်ယာဉ်တွေနဲ့ ပြင်ပ မော်တော်ယာဉ်တွေမှာ ပါတီအမှတ်တံဆိပ်တွေနဲ့ အလံတပ်ဆင်မှုတွေကို တားမြစ်ချက် ထုတ်ပြန်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးထံ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လတ်တလောမှာ ဖြေကြားနိုင်ခြင်း မရှိသေးဘဲ နေပြည်တော်မှာ အစည်းအဝေး တက်နေရတဲ့ အတွက် နောက်ပိုင်းမှာ ပြန်လည် ဖြေကြားပေးပါမယ်လို့ ပြောပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (က) ပါ နိုင်ငံသားတိုင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေတဲ့ အနေအထား မရှိဘူးဆိုရင် မိမိယုံကြည်ရာ နှစ်သက်မြတ်နိုးတဲ့ အရာတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် တပ်ဆင်ခွင့် ရှိရမယ်လို့ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ဆိုပါတယ်။
The Voice , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment