Pages

Thursday, June 4, 2015

ရွှေပြည်သာမြို့ နယ်မှာ လူသတ်မှုဖြစ်ပွား


RangonNewsDaily:: June . 4 .2015
ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်အပိုင်း(၁)၊ ပတ္တမြားလမ်း၊ ခရေပင်တန်းအနီးမှာ ယနေ့  ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အသတ်ခံရသူမှာ အမျိုးသား တစ်ဦးဖြစ်ပြီး ၀ဲရင်အုံ၊ ရင်ညွန့်နှင့် ၀မ်းဗိုက်တို့မှာ ထိုးသွင်းဒဏ်ရာများ၊ ၀ဲလက်ဖ၀ါး၊ လက်မ၊ ယာလက်မောင်းတို့မှာ ပြတ်ရှ ဒဏ်ရာများနဲ့  သေဆုံးနေတာကို တွေ့ ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
::
သေဆုံးသူအမျိုးသားတွင် S တံဆိပ်ပါ အဖြူရောင်ပေါ်၌ အပြာရောင်အကွက်များပါရှိသည့်
စပို့ရှပ် အင်္ကျီ၊ SPEED တံဆိပ်ပါ အုတ်ခဲရောင်ဘောင်းဘီရှည်နှင့် ၀ဲ/ယာနားနှစ်ဘက်၌ နား
ကပ်တို့အား ၀တ်ဆင်ထားပြီး အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ ၎င်း၏ခန္ဓာကိုယ်၌ ဓါတ်ပုံများတွင်ဖော်ပြထားသည့် ဆေးမင်များထိုးထားသည်ကို တွေ့ရှိရပါသည်။




အဆိုပါ လူသတ်မှုကို လှော်ကားနယ်မြေ ရဲစခန်းမှ (ပ)၂၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ နဲ့  အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ အား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

အဆိုပါသေဆုံးသူ အမျိုးသားနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြေင်းမသိရှိရသေးသဖြင့်
သက်ဆိုင်ရာ နယ်မြေအသီးသီးတွင် လူပျောက်ဆုံးနေမှုများရှိပါက သတင်းပေးပို့ပေးနိုင်
ပါရန်နှင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းသိရှိပါက အောက်ပါဖုန်းနံပါတ်များ
သို့ ဆက်သွယ်အကြောင်း ကြားပေးနိုင်ပါရန် ဖော်ပြအပ်ပါသည် -
-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ကွပ်ကဲဌာန - ၀၁၂၃၀၀၇၄၇
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာန - ၀၁၂၁၇၅၂၉
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်မှူး - ၀၁ ၆၄၅၈၂၃၊ ၆၄၅၈၂၄
ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး - ၀၁ ၆၁၀၆၆၄၊ ၀၉ ၄၅၀၀၅၄၃၀၇
လှော်ကားနယ်မြေရဲစခန်းမှူး - ၀၁ ၇၀၈၉၃၀၊ ၀၉ ၄၄၈၀၁၇၈၀၆
Yangon Police ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment