Pages

Thursday, June 4, 2015

ရခိုင်တိုင်းရင်းသားဝန်ကြီး ခွင့်ပြုချက်မရဘဲ နိုင်ငံတကာသံတမန်များကို ရုတ်တရက်ဝင်ရောက်ရှင်းလင်းပြောကြား


RangonNewsDaily:: June . 4 .2015
ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ လုပ်တဲ့ ရခိုင်ပြည်နယ်အခြေအနေနဲ့လှေစီးပြေးလူသားများအရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာသံတမန်များအား ရှင်းလင်းတဲ့ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကရုတ်တရက်ဝင်ရောက် ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

"ဒီပွဲမှာ သူ့ကို အခုလို ရှင်းလင်းပြောပြဖို့ ဖိတ်ကြားထားတာ မရှိဘူး"လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

"သူက ရုတ်တရက်ကြီး ထပြီး ပြောတာပါ။ စိတ်ခံစားမှုလည်း ပါလာတော့ မကောင်းဘူးပေါ့။ ပြီးတော့ ကြုံတဲ့သူက ဘာသာပြန်ပေးရတာကြောင့် လွဲချော်တာ ဖြစ်မှာကိုလည်း စိုးမိတယ်" လို့ အမည်မဖော်လိုတဲ့ အဲ့ဒီအရာရှိက ပြောပါတယ်။

ဦးဇော်အေးမောင်က "ရခိုင်မှာ ထမင်းငတ်သေတဲ့လူ မရှိသလို လှေစီး ထွက်ပြေးတဲ့လူ အရင်ကလည်း မရှိ၊ အခုလည်း မရှိဘူးလို့ ဆိုပြီး အခု လှေစီးပြေးလူတွေဟာ ဘဂ်လားဒေ့ရှ်ဘက်ကချည်းပဲ"လို့ ပြောခဲ့ပါတယ်။
Popular Myanmar News, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time