Pages

Thursday, May 28, 2015

City Mart ဆိုင်ရှိ မီးခံသေတ္တာကို လုံခြုံရေးဝန်ထမ်း ဖောက်ထွင်း


RangonNewsDaily:: May . 28 .2015
လမ်းမတော်မြို့နယ် ဂျန်းရှင်းမော်တင် City Mart ဆိုင်ရှိ ကျပ်သိန်း ၁၃၀ ထည့်သွင်း သိမ်းဆည်းထားသော မီးခံသေတ္တာကို မေလ ၂၅ ရက် ညပိုင်းက အသက် ၁၇ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းက ခိုးယူ ဖောက်ထွင်းခဲ့ကြောင်း လမ်းမတော် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဆိုင်မှာရှိတဲ့ CCTV မှတ်တမ်းကနေ ခြေရာခံမိတာ၊ သူ့ကို ၂၄ နာရီအတွင်း ဖမ်းမိတယ်” ဟု အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Junction မော်တင်ရှိ City Mart ဆိုင်တွင် မေလ ၂၅ ရက်နေ့က ဆိုင်မန်နေဂျာက ရောင်းရငွေများကို ရုံးခန်းရှိ မီးခံသေတ္တာအတွင်း သော့ခတ်သိမ်းဆည်းကာ ယင်းသော့ကို ရုံးခန်းအတွင်းရှိ ဘီရို အံဆွဲအတွင်း သိမ်းဆည်းခဲ့ကြောင်း၊ မေလ ၂၆ ရက် နံနက်ဆိုင်ဖွင့်ချိန် ဆိုင်ဝန်ထမ်း တစ်ဦးက မီးခံသေတ္တာ ပွင့်နေကြောင်း မန်နေဂျာထံ ဖုန်းဆက် အကြောင်းကြား သောကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ငွေကျပ်သိန်း ၁၃၀ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း အဆိုပါဆိုင်မှ ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောကြားသည်။
The Voice ,KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment