Pages

Thursday, May 28, 2015

လှေစီးဒုက္ခသည်အရေး သမ္မတနှင့် ကုလ အထူးအကြံပေးဆွေးနွေး


RangonNewsDaily:: May . 28 .2015
သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားတို့ မနေ့က နေပြည်တော်တွင် တွေ့ဆုံ ကာ လှေစီး ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ပြဿနာ၏ အခြေခံအချက် များဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိခြင်းဖြင့် စီးပွားရေး ဖွံဖြိုးတိုးတက်လာပြီး ရွှေ့ပြောင်း အလုပ် သမားများ ပပျောက်ရေး၊ တရားမ၀င် လူမှောင်ခိုကူးဂိုဏ်းများပပျောက် သွားစေ ရန် ဒေသ တွင်း နိုင်ငံများ နှင့် ပူးပေါင်း ဖြေရှင်း နိုင်ရေး၊ လုပ်သား လိုအပ် ချက် ရှိသော နိုင်ငံများမှလည်း တရားဝင် အလုပ် သမားများကို ထိုက်တန်သည့် အခကြေးငွေဖြင့် တရားဝင် ငှားရမ်းဆောင်ရွက်ရေး တို့ကို ဆွေးနွေး ကြောင်း ယနေ့ထုတ် အစိုးရ သတင်းတွင် ဖော်ပြထားသည်၊ 
ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra’ad ad Al Hussein ကတော့ မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားလိုက်သည်၊ မနက်ဖြန်တွင် လှေစီးဒုက္ခသည်အရေး ဆွေးနွေးပွဲ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်သည်။
ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment