Pages

Thursday, April 2, 2015

ublic Chat အတွက် Viber နှင့် အင်တာနက်ဂျာနယ် ပူးပေါင်း


RangonNewsDaily:: April . 2 .2015
အင်တာနက်ဂျာနယ်သည် စာဖတ်ပရိသတ် များအား သတင်းနှင့် အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ဖော်ပြနိုင်ရန်အတွက် OTT mobile communications platform တွင် ဦးဆောင်နေပြီး messaging အပြင် HD အရည်အသွေး ဖုန်းနှင့် ဗီဒီယိုခေါ်ဆိုမှုတို့ကို အခမဲ့ ထောက်ပံ့ ပေးသည့် Viber နှင့် ပူးပေါင်းကာ Public Chat ကို ဆောင်ရွက်ခဲ့သည်။
အင်တာနက်ဂျာနယ်၏ Public Chat သည် ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများ၊ ထုတ်ကုန်သုံးသပ်ချက်များ၊ ဆော့ဖ်ဝဲသုံးသပ်ချက်များ၊ နည်းပညာပြပွဲများ၊ ဆွေးနွေးမှုများ၊ အရောင်းမြှင့်တင်မှုများ၊ အင်တာဗျူးများ စသည်တို့ကို နေ့စဉ် ဖော်ပြပေးမည် ဖြစ်သည်။ ထို့အပြင် အင်တာနက်ဂျာနယ် Public Chat ကို follow ပြုလုပ်သူများသည် အင်တာနက်ဂျာနယ်၏ အယ်ဒီတာများနှင့် သတင်းထောက်များ အပြန်အလှန် ဆွေးနွေးပြောကြားမှုများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့သည့် Public Chat Beta သည် Viber သုံးစွဲသူများက ဂီတ၊ အားကစား၊ ဖက်ရှင်၊ ဖျော်ဖြေရေး စသည်တို့မှ အထင်ကရပုဂ္ဂိုလ်များနှင့် ကုန်အမှတ် တံဆိပ်များ အစရှိသည်တို့ကို ရှာဖွေပြီး ဆွေးနွေး ပြောကြားမှုများကို ဖတ်ရှုနိုင်မည် ဖြစ်သည်။
::
လက်ရှိတွင် မြန်မာနိုင်ငံရှိ Public Chats များအပါအဝင် ကမ္ဘာတစ်ဝန်း၌ Viber Public Chats ရာပေါင်းများစွာ ရှိနေပြီ follower အရေအတွက်မှာလည်း နေ့စဉ် တိုးပွားလာလျက် ရှိသည်။

အင်တာနက်ဂျာနယ်ကို Viber Public Chats တွင် follow ပြုလုပ်လိုသူများ အနေဖြင့်www.viber.com/InternetJournal ထံ သွားရောက်ကာ ပြုလုပ်နိုင်သည်။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment