Pages

Thursday, April 2, 2015

အူရီဒူး၏ တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ကျပ် ၂ဝ သာပေးရမည့် အစီအစဉ်စတင်


RangonNewsDaily:: April . 2 .2015
အူရီဒူး၏တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ကျပ်၂ဝသာပေးရမည့်အစီ အစဉ်အား ယနေ့တွင် စတင်
ခဲ့ကြောင်း အူရီဒူးမြန်မာမှ သိရသည်။ ယင်းအ စီအစဉ်မှာ ဧပြီလ ၂ ရက်နေ့မှ၃ဝရက်အ
ထိဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံရဲ့အထွတ်အမြတ်ထားရာပွဲတော်တစ်ခုဖြစ်တဲ့ နှစ်သစ် ကူးအတာသင်္ကြန်ကာလမှာ အူရီဒူးသုံးစွဲသူများအတွက် အခုလို ဖုန်းခေါ် ဆိုခဈေးအချိုသာဆုံး၊ အသက်သာဆုံးအထူးလျှော့ေ
ဈးတစ်ရပ်ကိုပေးလိုက် နိုင်တဲ့အတွက် အင်မတန်ဝမ်းသာဂုဏ်ယူမိပါတယ်''ဟုအူရီဒူးမြန်မာ၏အမှု ဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။

ယင်းဝန်ဆောင်မှုအားအသုံးပြုလိုပါက 5555 သို့ RED ဟု SMS ပေးပို့ရမည်ဖြစ်ကြောင်း
သိရသည်။
::
''SMS ပို့လိုက်ပြီးရင်ရပါပြီ။ စာရင်းပေး သွင်းခအနေနဲ့ကတော့ တစ်လကို သုံးစွဲသူတွေရဲ့
ဖုန်းငွေဖြည့်ကတ်အတွင်း ကနေ ၅၀၀ ကျပ် ကောက်ခံသွားပါမယ်'' ဟု အူရီဒူးမြန်မာမှ လူမှုဆက်
ဆံရေးနှင့်ပြန် ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

ယင်းဝန်ဆောင်မှုအားစတင်သုံးစွဲပါက ၁၅ရက်အားစာရင်းပေးသွင်း ခမကောက်ယူကြောင်း သိရသည်။ လက်ရှိတွင် အူရီဒူး၏ဖုန်းခေါ်ဆိုခသည် တစ်မိနစ်လျှင် ၂၅ကျပ်နှင့် မက်ဆေ့ခ်ျတစ်စောင်လျှင် ၁၅ကျပ်ဖြစ်ကြောင်း သိရသည်။
::
ထပ်မံကာ ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍လည်း ဒေါ်သီရိကြာညိုက ''ဒီဝန်ဆောင်မှုကို အမြဲတမ်းအတွက် ဒါမှမဟုတ် အချိန်ကာလတစ်ခုသတ် မှတ်ပြီးဝန်ဆောင်မှုပေးနိုင်မလားဆိုတာကို နောက်ပိုင်းထုတ်ပြန်ပေးသွား မှာပါ''ဟုပြောသည်။

TheYangonTimes ::--KOLATT(PBDN)
RangonNewsDaily



1 comments:

Anonymous said...

အရမ်းကောင်းတဲ့planပါthank oreedoo

Post a Comment