Pages

Sunday, April 19, 2015

မြင်းခြံမြို့မှ နေပြည် တော်သို့ ဘုရားဖူးလာသောယာဉ် တိမ်းမှောက် (၅)ဦးသေဆုံးနေပြည်တော် သို့ ဘုရားဖူးလာသောယာဉ် တိမ်းမှောက်

RangonNewsDaily:: April . 18 .2015
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု ကြီးပွားရွာ၌ ယနေ့နံနက် ၃ နာရီခွဲက ဘုရားဖူးယာဉ် တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့မှ နေပြည် တော်သို့ လူဦးရေ ၂၆ ဦး တင်ဆောင် လာသည့် JAC အမျိုးအစား 5H/-- ------ ဘုရားဖူးယာဉ်သည် ကြီးပွား ကျေးရွာ ပင်းသီးပေါက်ကွေ့ မိုင်တိုင် (၂ဝ/၁)အနီး၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရရှိသည့် လူနာများအား နေပြည်တော် ခုတင် ၁ဝဝဝ သို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် လူနာတစ်ဦး ထပ်မံသေဆုံးသွားခဲ့ ကြောင်း သိရသည်။
::
အဆိုပါနေရာသည် တောင်ညို ကျေးရွာနှင့် အဝေးပြေးလမ်းမကြီးသို့ သွားသော သုံးပွင့်ဆိုင်လမ်းကြော ဖြစ်သည့်အပြင် ယာဉ်မတော်တဆမှု များမှာ ယခင်က အကြိမ်(၃ဝ)ထက် မနည်း မကြာခဏဖြစ်ပွားခဲ့ကြောင်း နှင့် ယာဉ်ကြောလမ်းပြမှုစနစ် ထားရှိ ပေးမှုအားနည်းနေကြောင်း သိရှိရပြီး ယခုဖြစ်ပွားသည့် ယာဉ်တိမ်းမှောက် မှုမှာ အခြေအနေဆိုးရွားကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက် အရ သိရသည်။

Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment