Pages

Sunday, April 19, 2015

သင်္ကြန်ကာလအတွင်း ယာဉ်တိမ်းမှောက်မှုနှင့် ခါးပိုက်နှိုက်မှု အများဆုံးဖြစ်

RangonNewsDaily:: April . 18 .2015
သင်္ကြန် လေးရက်တာ ကာလအတွင်း ရန်ကုန်တိုင်း၌ ယာဉ်တိမ်းမှောက်မှု နှင့် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
လေးရက်အတွင်း ယာဉ်တိမ်းမှောက်မှု ငါးမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးကာ ၄၆ဦး ဒဏ်ရာရခဲ့သည်။
သင်္ကြန်အကြိုနေ့တွင် မရမ်းကုန်းမြို့နယ်၌ ယာဉ်တိုက်မှု(၁)မှုဖြစ်ပွားခဲ့ရာ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ဗဟန်းမြို့နယ် ယာဉ်တိမ်းမှောက်မှု(၁)တွင် (၁၀)ဦး ဒဏ်ရာရခဲ့သည်။ သင်္ကြန်အကျနေ့ ဧပြီ ၁၄ရက်တွင်မူ သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှု(၁)မှု ဖြစ်ပွားခဲ့ပြီး ၆ဦး ဒဏ်ရာရခဲ့သည်။ ဒဂုံမြို့နယ်တွင်လည်း ၇ဦး ဒဏ်ရာရသည့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဗဟန်းမြိုနယ်တွင် ယာဉ်တိမ်းမှောက်ကာ ၃ဦး ဒဏ်ရာရခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင်မူ ယာဉ်တိုက်မှုကြောင့် ၂ဦး ဒဏ်ရာရခဲ့သည်။

သင်္ကြန်အတက်နေ့တွင်မူ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့သည်။
သင်္ကြန်တွင်း ခါးပိုက်နှိုက်မှုများ အနေဖြင့် မင်္ဂလာတောင်ညွန့်၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ် နှင့် လှိုင်သာယာရှိ မဏ္ဍပ်များအနီးတွင် အများဆုံးဖြစ်ခဲ့ပြီး ၅၄ဦးကို ဖမ်းဆီးထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။
::
အခြားအမှုများ အနေဖြင့် ကန်တော်ကြီးအတွင်း သင်္ကြန်အကျနေ့က ရေနစ်သေဆုံးကာ အကြတ်နေ့တွင် အလောင်းပေါ်ခဲ့သည့် အမှု၊ သင်္ကြန်အတက်နေ့တွင် ဆီဒိုးနားရှေ့ရှိ ယိုးဒယားအကင်ဆိုင်မှ ဂက်စ်အိုးပေါက်ကာ ၉ဦး ဒဏ်ရာရမှုအပြင် ခိုက်ရန်ဖြစ်ပွားမှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ကာအိနြေ္ဒဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment