Pages

Friday, March 6, 2015

သြစတေးလျနိုင်ငံ ဒါဝင်မြို့မှာ ရှိတဲ့ Crocosaurus Cove Park ဟာ မိကျောင်းမွေးမြူရေးကန်


RangonNewsDaily:: March . 6 .2015
သြစတေးလျနိုင်ငံ ဒါဝင်မြို့မှာ ရှိတဲ့ Crocosaurus Cove Park ဟာ မိကျောင်းမွေးမြူရေးကန် ဖြစ်ပါတယ်။ မိကျောင်းမွေးမြူရေ အလှပြ ကန် ဖြစ်ပြီး လည်ပတ်သူများအနေနဲ့ ရေထဲထိ ဆင်းပြီးတော့ မိကျောင်းကို အနီးကပ် ကြည့်နိုင်ပါတယ်။
မိကျောင်းကို ရေပြင်ပေါ်မှာ တံတားပေါ်ကနေ ကြည့်တာနဲ့ မလုံလောက်သေးတဲ့ သူတွေအတွက် ဖန်အိမ်ထဲ အလုံပိတ်ဝင်ပြီး အောက်မှာ အနီးကပ် ကြည့်လို့ရအောင်ပါ ဖန်တီးပေးထား ပါတယ်။ ဒီတော့ ဖန်အိမ်ထဲကို အများဆုံး ၂ ယောက် ဝင်နိုင်ပါတယ်။

 အောက်ဆီဂျင် အလုံအလောက် ရှိပြီး ရေအောက်ကို ချလိုက်တဲ့အခါ မိကျောင်းများက အနီးကပ်လာပါလိမ့်မယ်။ အသား ဆာလောင်နေတဲ့ မိကျောင်းများဟာ လူကို စားလို့ရလို နိုးနိုးနဲ့ အနီးကို ကပ်လာပြီး အပေါက် ရှာပါလိမ့်မယ်။ ဒါပေမယ့် အန္တရာယ်ကင်းစွာ ကြည့်နိုင်ပြီး အချိန်ပြည့်ရင် အပေါ်ကို ပြန်ဆွဲတင်ပေးပါလိမ့်မယ်။

ကြည့်ရှုခလည်း မသက်သာသလို လူတိုင်းကိုလည်း ပေးဝင် မကြည့်ပါဘူး။ အသက်ငယ်လွန်း ကြီးလွန်းသများကို လက်မခံပဲ နှလုံးရောဂါ ရှိသူများကိုလည်း ပေးမကြည့်ပါဘူး။ Crocosaurus Cove Park ဟာ ဒါဝင်မြို့ကိ အလည်အပတ်ရောက်ရှိသူ များ သွားရောက်မှု များပြားလာတဲ့ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ 








.

Ref: crocosaurus , (ရိုးရာလေး) , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment