Pages

Saturday, March 7, 2015

ကျန်းမာရေးအတွက် ကုသနေရဆဲဖြစ်ပေမယ့် ဇာတ်ကားတွေ ပြန်လည်လက်ခံ ရိုက်ကူးဖြစ်လာတဲ့ မြတ်ကေသီအောင်


RangonNewsDaily:: March . 7 .2015
အနုပညာသက်တမ်း ၂၆ နှစ်အတွင်းမှာ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ ၂ နှစ်နီးပါးလောက် ရပ်နားခဲ့ပြီး ခုချိန်မှာ ပြန်လည်ကောင်းမွန်လာတဲ့ ကျန်းမာရေး အခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှု အချို့မှာ တွေ့မြင်လာရတဲ့ မြတ်ကေသီအောင်နဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်သမျှကတော့
“အစ်မ အနုပညာအလုပ်တွေ ၂ နှစ်ကျော်ကျော်လောက် ရှိပြီ။ နားထားတာပေါ့။ ခုပြန်ရိုက်တာ တစ်နှစ် ပတ်လည်လောက်ပဲ ရှိသေးတယ်။ နှစ်နှစ်ခွဲတောင်ဆိုတော့ ပရိသတ်နဲ့လဲ တော်တော်လေး ဝေးကွာသွားသလို ဇာတ်ကားတွေလဲ အရမ်းထွက်တာ ကြဲသွားတယ်။ 

အဲ့ဒါကြောင့်ခု ပြန်လက်ခံပြီး ရိုက်ဖြစ်တယ်။ လာငှားတဲ့ကားတွေကလဲ အရမ်း ဟဲဗီးကြီးတွေလဲ မဟုတ်ဘူး။ ပုံမှန် ဇာတ်လေးတွေပဲဆိုတော့ အရမ်းကြီး ရွေးချယ်စရာမလိုတဲ့အတွက် အစ်မလက်ခံ ရိုက်ကူးဖြစ်တယ်။ ကျန်းမာရေးကတော့ ကုနေဆဲပဲ။ ကျောက်ကပ်ရယ်၊ အသဲရယ်၊ အာရုံကြောရယ်ပါ။ ကုလိုက်၊ ရိုက်လိုက်ပေါ့။ အနုပညာအလုပ်က မလုပ်ရရင်ကို မနေနိုင်တဲ့တွက် နေလေး နည်းနည်းပြန်ကောင်းတာနဲ့ ရိုက်ဖြစ်တယ်။”လို့ သူမက ပြောပြသွားပါတယ်။

မြတ်ကေသီအောင်ဟာ ခုလတ်တလော ဒါရိုက်တာ ၀င်းထွန်းထွန်း ရိုက်ကူးတဲ့ ဖိုးတာဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပြီး ၂၀၁၅အတွင်း အနုပညာလှုပ်ရှားမှုတွေကိုတော့ သူမက “ခု ၂၀၁၅ ဆိုရင် အနုပညာ လုပ်သက် ၂၆ နှစ်ရှိပါပြီ။ ကားကြီးကတော့ မေလမှာ ပြောထားတယ်။ အတိအကျတော့ မဟုတ်သေးပါဘူး။ 

ခုလို ၂၆ နီးပါး မှာ ကောင်းတဲ့ ကားတွေရော၊ မကောင်းတဲ့ ကားတွေရောကို အားပေးလာတဲ့ ပရိသတ်တွေ ကို ကျေးဇူးအများကြီး တင်ပါတယ်”တဲ့။

ွှTrend Myanmar , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment