Pages

Saturday, March 7, 2015

ရှမ်းနှင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂများ လက်ပံတန်းမြို့သို့ လာရောက်ပူးပေါင်းမည်

RangonNewsDaily:: March . 7 .2015
ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် က ယားပြည်နယ်ကျောင်းသားများ သမဂ္ဂတို့သည် လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ်နှင့် ပူးပေါင်း ရန်ဖေဖော်ဝါရီ ၆ရက်က စတင် ထွက်ခွာလာကြောင်းသတင်းရရှိ သည်။

ထိုသပိတ်စစ်ကြောင်းတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၀ ဦး ပါဝင်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်။

ထို့နောက် လက်ပံတန်းမြို့ ရှိ ပင်မသပိတ်စစ်ကြောင်းနှင့် ပူး ပေါင်းမည်ဖြစ်ကြောင်းရှမ်းပြည် နယ်တောင်ပိုင်းကျောင်းသားသမ ဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောသည်။

ပင်မသပိတ်စစ်ကြောင်းမှာ လက်ပံတန်းမြို့တွင် ထိုင်သပိတ် ဆင်နွှဲနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က လည်း ၎င်းတို့ကိုပိတ်ဆို့တားဆီး ထားဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်နံနက်က ပင်မသပိတ်မှ ကျောင်းသားအချို့သည် လက်ပံ တန်းမြို့တွင်လှည့်၍ ဆန္ဒထုတ် ဖော်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က
ကျောင်းသားအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time