Pages

Thursday, January 15, 2015

အလွယ်တကူ ဆေးလိပ်ဖြတ်ကြမယ်


RangonNewsDaily:: January . 15 .2015
အသက်ရှူလေ့ကျင့်ခန်းက အသက်ရှူစနစ် တိုးတက်ကောင်းမွန်အောင်လေ့ကျင့်ပေးပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင်းဖြစ်တဲ့ အကျိုးဆက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ ဆောင်ရွက်ပြီးရင်မကြာခင် ဆေးလိပ်သောက်ချင်တဲ့ အာသာပြင်းပြမှုတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း - ၁
ဆေးလိပ်အရမ်းသောက်ချင်စိတ် ဖြစ်လာရင် လေကောင်းလေသန့် အပြင်ထွက် ရှူပါ။ ဘာမှမလုပ်နဲ့။ မတ်တပ်ရပ်ပြီး သက်တောင့်သက်သာ ရှိအောင်သာနေပါ။ အသက်ပြင်းပြင်းရှူပြီး အနည်းဆုံး ၅ စက္ကန့်လောက် အောင့်ထားပြီးရင် လေကို ဖြေးဖြေးချင်းပြန်မှုတ်ထုတ်ပါ။ 

ဒီလေ့ကျင့်ခန်းကို တစ်ဆက်တည်း အကြိမ် (၁၀) လုပ်ပါ။ အဲဒီလို မနားတမ်း လုပ်ပြီးသွားတဲ့အချိန်မှာ ဦးနှောက်ထဲ အောက်ဆီဂျင် အပြည့်ရှိရောက်ရှိသွားခြင်းကြောင့် ခေါင်းအနည်းငယ် မူးဝေနေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းနှစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်က တဖြေးဖြေးချင်း အာသာဖြေအောင် လုပ်ယူတာဖြစ်ပေမယ့်လို့ အမှန်တကယ် ပျောက်ကွယ်
သွားမယ်ဆိုတာ အသေချာပါ။

လေ့ကျင့်ခန်း - ၂

နာခေါင်းနဲ့ အသက်ဖြေးဖြေးချင်းရှူသွင်းပါ။ ပြန်မှုတ်ထုတ်တဲ့အခါ အနည်းငယ် ပိုမြန်ပါစေ။ အစမှာဖြေးဖြေးချင်းလုပ်ပြီး နောက်အရှိန်ကို တဖြေးဖြေးမြင့်ပေးပါ။ တစ်ကြိမ်လုပ်ရင် အသက် အရှူ၊ အထုတ်ကို အကြိမ်(၃၀) လုပ်ပေးပါ။ တစ်ခါလုပ်ပြီးတိုင်း (၁) မိနစ် အနားယူပါ။ အကျိုးသက်ရောက်မှု အကောင်းဆုံးရရှိဖို့ ၅-၁၀ ကြိမ်အထိ လုပ်ပါ။

Naturalhealthcare , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment