Pages

Thursday, January 15, 2015

Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ ကားပေါ်က အနက်ရောင်တံဆိပ် (သို့မဟုတ်) အလံရှင်းတမ်း


RangonNewsDaily:: January . 15 .2015
ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပိုင်ဆိုင်တဲ့ကားလို့ယူဆရတဲ့ အနက်ရောင်ကားတစ်စီးပေါ်မှာ အနက်ရောင်တံဆိတ်တစ်ခု (သို့မဟုတ်) အလံတစ်ခု ကပ်ပြီး မောင်းနေတဲ့ပုံတစ်ပုံကို ဒီနေ့တွေ့လိုက်ရပါတယ်။ အဲဒီတံဆိပ်(သို့)အလံပေါ်မှာ ပါတဲ့ စာသားနဲ့ ဓားရဲ့အဓိပ္ပါယ်ကို အရင်ဆုံးရှင်းပါ့မယ်။

لآ اِلَهَ اِلّا اللّهُ مُحَمَّدٌ رَسُوُل اللّهِ
လို့ အာရဗစ်ဘာသာနဲ့ရေးထားတာရဲ့ အဓိပ္ပါယ်ကတော့ ...'' အလ္လာဟ်အရှင်မြတ်သည် တစ်ပါးထဲတည်ရှိတော်မူသည်။

မုဟမ္မဒ် (PBUH)သည် ထိုအရှင်စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်တော်မူသည်" ပါတဲ့။ အဲဒီစာပိုဒ်ကို ရင်ထဲအသည်းထဲကယုံကြည်ပြီး လက်ခံမှသာလျှင် အစ္စလာမ်ဘာသာဝင်မွတ်စလင်တစ်ဦးအဖြစ်ကိုယ်စားပြုပါတယ်။ 

ဗုဒ္ဓဘာသာအလံတွေ တလူလူလွှင့်ထားတဲ့ နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ယုံကြည်ရာစာသားလေးတစ်ကြောင်း ကားမှာကပ်တာ အပြစ်လို့ယူဆလို့လုံးဝမရပါ။ ဘာသာရေးလွတ်လပ်ခွင့်အရကြည့်ပါ။ အခြေခံဥပဒေဖတ်ဘူးတဲ့လူတိုင်း ဘာသာတရားကိုလွတ်လပ်စွာကျင့်သုံးပိုင်ခွင့်ရှိတယ်ဆိုတာ သိပါလိမ့်မယ်။

အလံမှာပါတဲ့ ဓားရဲ့အဓိပ္ပါယ်ကိုမပြောခင်မှာ ဒီအလံကိုသုံးတဲ့အဖွဲ့အကြောင်းပြောရပါလိမ့်မယ်။ အနက်ရောင်အလံအောက်ခံမှာ အထက်ကအာရဗစ်လိုစာသားနဲ့ ဓားကိုတွဲသုံးတဲ့အဖွဲ့ကို မွှေနှောက်ကြည့်တော့ Hizbu-Tahrir လို့ခေါ်တဲ့အဖွဲ့မှန်းသိလိုက်ရပါတယ်။ အဲဒီအဖွဲ့ရဲ့အလံကို အနောက်မီဒီယာတချို့က အကြမ်းဖက်သမားတွေကို ကိုယ်စားပြုတဲ့သင်္ကေတအနေနဲ့ မှားယွင်းအသုံးပြုတ်ကြပါတယ်။ 

အမှန်ကတော့ အဲဒီ Hizbu-Tahrir အဖွဲ့ဟာ နိုင်ငံတကာအစ္စလမ္မစ်အဖွဲ့အစည်းတစ်ခုပါ။ အဲဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ခလီဖာပေါ်ပေါက်ရေးနဲ့ အကြမ်းဖက်ဆူပူခြင်းအားလုံးကို ဆန့်ကျင်ရေးဖြစ်ပါတယ်။ 

သူတို့အဖွဲ့ကဖော်ကျူးတဲ့ဓားရဲ့အဓိပ္ပါယ်ကတော့ တမန်တော်တော်မုဟမ္မဒ် (PBUH) ကိုင်စွဲခဲ့တဲ့ဓားတော်လို့ သိရပါတယ်။ (ပုံမှာလည်း အကျယ်တ၀င့်ရှင်းပြထားပါတယ်)။

ဒီလောက်ဆို အလံဟာ ISIS လည်းမဟုတ် ဂျီဟတ်အလံလည်းမဟုတ်တာကို သဘောပေါက်လောက်ပြီထင်ပါတယ်။
ဒီအလံနဲ့ အောက်ခံအရောင် (အနက်နဲ့ အစိမ်း) ပဲကွာတဲ့ အလံတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ အများသိပြီးသားဖြစ်တဲ့ (အသုံးမကျသော မီဒီယာသမားအချို့မသိရှာပါ) ဆော်ဒီအာရေးဗျနိုင်ငံရဲ့အလံတော်ဖြစ်ပါတယ်။ 

အဲဒီအလံမှာပါတဲ့ ဓားကတော့ တမန်တော်မုဟမ္မဒ်( PBUH) ရဲ့ဓားတော်ကိုရည်ညွှန်းခြင်းမဟုတ်ဘူးလို့ မှတ်သားရပါတယ်။ ဆော်ဒီရဲ့ပထမဆုံးဘုရင်ဖြစ်တဲ့ အဗ္ဗဒူအဇစ်နဲ့ တရားမျှတမှုကိုဖော်ညွှန်းတာလို့သိရပါတယ်။(ပုံတွင်ကြည့်ရန်)။ ဆော်ဒီအလံနဲ့ ပတ်သတ်ပြီး ပိုပြီးထူးခြားချက်တစ်ခုကတော့ ဆော်ဒီအလံသည်မည်သည့်အခါတွင်မှ အလံတစ်ဝက်မထောင်ပါ။

 မြန်မာနိုင်ငံအလံဟောင်းမှာ စပါးနှံနဲ့ စက်သွားပါသလို/ မြန်မာနိုင်ငံအလံသစ်မှာ ဂါနာအလံဆန်ဆန် ကြယ်ဖြူကြီးတစ်လုံးပါသလိုပေါ့ဗျာ။ကမ္ဘာ့အသိအမှတ်ပြုနိုင်ငံတစ်နိုင်ငံရဲ့အလံကို အကြမ်းဖက်သမားတွေသုံးတဲ့အလံလို့ပြောတဲ့လူများ စာမတတ်၊ ငတုံးများသာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။

တချို့ကပြောကြပါတယ်။ တခြားနိုင်ငံကိုကိုယ်စားပြုတဲ့အလံကိုမြန်မာနိုင်ငံမှာမလွှင့်ထူသင့်ဘူး။ ဖမ်းဆီးသင့်တယ်လို့ပြောကြတယ်။ မှတ်ချက်ပေးကြတယ်။ ဟုတ်ကဲ့၊ အာဆီယံဆီးဂိမ်းနဲ့ တခြားနိုင်ငံတကာအစီးအဝေးပွဲတွေအပြင် သံရုံးတွေမှာ နိုင်ငံခြားအလံတွေထောင်ထားတာကိုတွေ့မြင်ကြရမှာပါ။ 

မျက်စိဖွင့်ကြည့်ပါ။ ဦးနှောက်သုံးပါ။ သူတို့ကိုဖမ်းမလား? ဆက်ပြောပါဦးမယ်။ မြန်မာပြည်တွင်းကကားတွေမှာ မြန်မာအလံနဲ့ နိုင်ငံခြားအလံကိုပူးပြီး ထောင်ထားတာတွေအများကြီးရှိပါတယ်။ ဆော်ဒီအလံနဲ့ပူးထောင်တာတွေလည်းရှိပါတယ်။ အမေရိကန်သမ္မတအိုဘာမား မြန်မာပြည်လာတုန်းကလည်း အမေရိကန်အလံတွေဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါသေးတယ်။(ပုံတွင်ကြည့်ပါ)။ ဒါဟာ ချစ်ကြည်ရေးနိမိတ်ကိုဆောင်ပါတယ်။ 

အစွန်းရောက်အပြစ်တင်တဲ့မျက်စိတွေမှိတ်ပြီး ငြိမ်းချမ်းကြည်လင်တဲ့အမြင်တွေထားတတ်ကြပါစေ။
အခုအဲဒီကားပုံကို အများက မျှတတယ်လို့ယူဆထားတဲ့ မီဒီယာကြီးတစ်ခုဖြစ်တဲ့ DVB မှာတာဝန်ထမ်းဆောင်နေတဲ့ အဘဇိုးအောင်ရင် ဆိုတဲ့ ဗဟုသုတအသိပညာဆင်းရဲတွင်းနက်နေတဲ့ ဂျာနယ်လစ်တစ်ယောက်က မီဒီယာကျင့်ဝတ် ဂျာနယ်လစ်ကျင့်ဝတ်ချိုးဖောက်ပြီး ကားနံပါတ်မဖျောက်ပဲ တင်ဖွထားပါတယ်။ 

သူ့ကို မီဒီယာလောကကနေ ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ပိတ်ပင်လို့ရပါတယ်။ ကားပိုင်ရှင်များတရားစွဲရင် သူ့ထိုက်နဲ့သူ့ကံ သူ့လမ်းသူလျှောက်ပြီး စားပေါက်ပိတ်ပါလိမ့်မယ်။ သူ့အတတ်က သူ့ဆူးပါလိမ့်မယ်။ ထားပါလေ။

နောက်ထပ်နလပိန်းတုန်းများကတော့ ရောင်နီးဦးခေါ် မောင်မောင်အောင် (စစ်မှုထမ်းဟောင်းတစ်ယောက်)/Share 
ထားသူမှာ 7Day သတင်းထောက်ချုပ် အောင်သူရ/ဒါ့အပြင် နာမည်ကြီးမီဒီယာက ဂျာနယ်လစ်တော်တော်များများ ချိန်ကိုက်
ဖွနေပါတယ်။ 

ဘာကိုအစပျိုးနေသလဲဆိုတာတော့ သက်ဆိုင်သူတွေပဲသိပါလိ့မ်မယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် အသိဥာဏ်ရှိသူတိုင်း တိုင်းဖျက်ပြည်ဖျက် စီမံကိန်းမှာ ဓားခုတ်ရာလက်ဝင်မလျှိုမိပဲ သတင်းတစ်ပုဒ်ကို စူးစမ်းလေ့လာပြီးမှ ချင့်ချိန်ယုံကြပါလို့ တိုက်တွန်းအပ်ပါတယ်။

အကျယ်တ၀င့်လေ့လာလိုသူများအတွက်…

(စတီဗင်) ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment