Pages

Sunday, January 18, 2015

တပ်မတော်နှင့်ကေအိုင်အိုတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ဒေသခံ ၂ဝဝဝ ကျော် ပိတ်မိ၊ ဖားကန့်ဒေသတွင်း ဖုန်းအဆက်သွယ်ပါ ပြတ်တောက်နေ


RangonNewsDaily:: January . 18 .2015
တပ်မတော်နှင့် ကေအိုင်အိုတို့ကြား ဖြစ်ပွားနေသော တိုက် ပွဲအရှိန်မသေသေးဘဲ အစိုးရစစ်တပ်မှ လက်ရှိ အချိန်အထိ အကြီးအကျယ် ထိုးစစ် ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲကြားထဲ ရောက်ရှိ နေသော ဒေသခံ ၂ဝဝဝ ကျော် ပိတ်မိနေ ဆဲဖြစ်ကြောင်း သိရသည်။
''အစိုးရစစ်တပ်က ထိုးစစ် အ ကြီးအကျယ်ဆင်နေတော့ တိုက်ပွဲက ဆက် ဖြစ်နေတယ်။ ကေအိုင်အိုတပ်ရင်း ၆ ဌာန ချုပ် ပတ်ဝန်းကျင်နဲ့ တပ်မဟာ ၁၊ တပ်မ ဟာ ၂ နဲ့ တပ်မဟာ ၄ အထိ ဖြစ်နေတယ်။ စောစောကအထိ ဖြစ်နေကြတုန်းပဲ''ဟု မြစ် ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးစန် အောင်က ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အတည်ပြု ပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက် နံနက် အ စောပိုင်းမှ စတင်ကာ ဖားကန့်ဒေသ၌ တပ် မတော်နှင့် ကချင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ကေအိုင်အိုတို့ ကြားပြင်းထန်သော တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ် ပြီး လက်ရှိအချိန်အထိ တိုက်ပွဲအရှိန် မသေ သေးကာ နှစ်ဖက်ပြင်းထန်သော ထိုးစစ် များ ဆင်နေဆဲဖြစ်ကြောင်း သိရသည်။
::
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ''တစ်ဖက်က တော့ ပြောချင်ရာ ပြောမှာပဲ အစ်ကိုတို့ဘက် က ပြောဖို့ဆိုတျွာကူန ရှိပါတယ်။ ဒီအချိန် မှာ ပြောလို့မရသေးပါဘူး။ မကြာခင်တော့ ထုတ်ပြန်ပေးမှာပါ''ဟု ကာကွယ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးမှ ဇန်န ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့် တွင် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားနေ သောအနီးတွင် တန်းဂေါင်ရွာ၊ ကမ်ဆီးဟော ရွာအပါအဝင် ကျေးရွာသုံးရွာ၌ ရွာသူ ရွာ သားပေါင်း ၃ဝဝဝ နီးပါးခန့်ရှိကာ တိုက်ပွဲ ဖြစ်စဉ်များကြောင့် လက်ရှိအချိန်အထိ ထွက် မရဘဲ ပိတ်မိနေပြီး ဝင်ရောက်ကယ်ဆယ် ရန်လည်း အခက်အခဲရှိနေကြောင်း ဏဃွ မှ ဦးစန်အောင်က ပြောသည်။
::
''ဒုက္ခသည်တွေကို ခေါ်ထုတ်နိုင် ဖို့ အတော် အခက်အခဲဖြစ်နေတယ်။ လမ်း ကမပွင့်ဘူးဖြစ်နေ
တယ်''ဟု ဦးစန်အောင် ကပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် နှစ်ဖက် အထိအခိုက်အကျအဆုံး များနိုင်ပြီး နှစ်ဖက် စစ်ကြောင်းများကြား တွင် ပိတ်မိနေသော ဒေသခံများလည်း အထိအခိုက်ရှိနိုင်ကြောင်း သိရသည်။
''ရဲတပ်ဖွဲ့ဝင် သုံးယောက်ရဲ့ သ တင်းကတော့ ဘာမှ ထပ်မကြားရသေးဘူး။မလွှတ်သေးဘူးလို့ ယူဆရတယ်။ နယ်လုံ ဝန်ကြီးကိုတော့ မေတ္တာရပ်ခံထားတယ်'' ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။
::
လက်ရှိအချိန်တွင် တပ်မတော် နှင့် ကေအိုင်အိုတို့မှ တစ်ဖက်လျှင် ခန့်မှန်း အင်အား တစ်ထောင်ခန့်ဖြင့် အပြန်အလှန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ တိုက်ပွဲများအတွင်း အောင်ဘာလေဒေသရှိ ကေအိုင်အေ စ ခန်းတချို့နှင့် တပ်ရင်း(၂)၏ စခန်းအချို့ ဆုတ်ပေးလိုက်ရကြောင်း သိရပြီး ဇန်နဝါ ရီ ၁၆ ရက် နေ့လည်ပိုင်းတွင် အဆိုပါ နေ ရာများသို့ ကေအိုင်အေဘက်မှ ပြန်လည် တိုက်ခိုက်မှုများ ရှိလာကြောင်းသိရသည်။
::
''စေ့စပ်နေတဲ့ကြားထဲကပဲ စစ် ရေးနည်းနဲ့ပဲ ဖြေရှင်းနေတဲ့အခါကျတော့ ညှိနှိုင်းရတာ အခက်အခဲရှိတယ်''ဟု ဏဃွ မှ ဦးစန်အောင်က ထပ်ပြောသည်။

ဇန်နဝါရီ ၁၄ ရက်က ကေအိုင် အေ တပ်မဟာ(၁)လက်အောက်ရှိ တပ် ရင်း ၆ တည်ရှိရာ ဖားကန့်လမ်းကြောင်း တွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးအား ကေအိုင်အေတပ်ဖွဲ့ဝင်များ က တားဆီးခဲ့ပြီး အဆိုပါဝန်ကြီး၏ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင် သုံး ဦးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment