Pages

Sunday, January 18, 2015

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင် ၄၀၀ နီးပါး နေ့စဉ်ဓာတ်ရောင်ခြည် အခမဲ့ကုသခွင့် ရပြီ


RangonNewsDaily:: January . 18 .2015
ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာရှင် ၄၀၀ နီးပါး နေ့စဉ်ဓာတ်ရောင်ခြည်ဖြင့် အခမဲ့ဆေးကုသခွင့်ရရှိနေပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတဦးက ပြောသည်။
“အပြင်မှာ ဓာတ်ရောင်ခြည်နဲ့ကုသရင် လူတယောက်အတွက် တကြိမ်ကို မြန်မာငွေ (၁၃၀၀၀၀) တသိန်းသုံးသောင်း လောက်ပေးရပါတယ်။ ကင်ဆာဆဲလ်တွေ မပြန့်နိုင်ဖို့ လူတယောက်ကို အကြိမ် (၃၀) ၀န်းကျင်လောက်ကုသရပါတယ်။ ကင်ဆာ ဆေးအမျိုးပေါင်း ၃၀ ကျော်လောက်ရှိတဲ့အနက် ဒီမှာတော့ ၉ မျိုးလောက် အသုံးပြု ပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

ဓာတ်ရောင်ခြည်ကုသစက်များမှာ ယခင်က ရန်ကုန်ဆေးရုံကြီးတွင် ဂျာမနီ နိုင်ငံထုတ် စက် (၃)လုံးခန့်ရှိပြီး ယခုအခါ အမေရိကန်နိုင်ငံထုတ် အဆင့်မြင့်စက် (၂)လုံးဖြင့် ထပ်မံကုသပေးနေခြင်းဖြစ်သည်။
::
“အရင်စက်တွေက ဓာတ်ရောင်ခြည်နဲ့ လူနာကိုကုသတဲ့အခါ ရောဂါဖြစ် နေတဲ့နေရာကို ကုသပေးပေမယ့် အခြားနေရာတွေကို နည်းနည်းပြန့်ပါတယ်။ အခု စက်က အဲဒီလိုလုံးဝ မဖြစ်ပါဘူး။ ဖြစ်နေတဲ့နေရာတခုတည်းကိုပဲ ဓာတ်ရောင်ခြည် က ထိတဲ့အတွက် ကုသမှုပိုပြီး ထိရောက်ပါတယ်”ဟု ယင်းကဆိုသည်။

ရန်ကုန်ဆေးရုံကြီးအနေဖြင့် အဆိုပါဓာတ်ရောင်ခြည်များကို အခမဲ့ကုသပေးနေ သည့်အပြင် ဆေးရုံပြင်ပလူနာဌာနသို့ လာရောက်ပြသသော လူနာများအား အထူးကု ဆရာဝန်မှ ကုသပေးခြင်း၊ လိုအပ်ပါကအတွင်းလူနာအဖြစ် ဆက်လက်ပို့ဆောင် ပေးခြင်းတို့ကိုပါ ပြုလုပ်ကြောင်းသိရသည်။
::
ယင်းအပြင် သွေးလိုသည့်လူနာများ အတွက် သွေးအရေးပေါ်ရရှိစေရန် စီစဉ် ခြင်း၊ ရောဂါရှာဖွေမှု၊ လိုအပ်သောစီတီ ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့်အဆင့် ဆင့်ဆောင်ရွက်ရမည့် ကိစ်္စများပါမကျန် အခမဲ့ဆောင်ရွက်ပေးနေကြောင်း ဆေးရုံ အုပ်ကြီး ဒေါက်တာလှမြင့်က ရှင်းပြသည်။

“အရင် ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ WHO က ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ ချို့တဲ့တဲ့အတွက် ဆေးရုံမှာ နိုင်ငံတော်က အပြည့်အ၀မပေးနိုင်လို့ ပြည်သူထည့်ဝင်တဲ့ စရိတ်မျှပေးစနစ်နဲ့ ကုသရတယ်။ အခု အစိုးရသစ်လက်ထက်မှာ တော့ အခြေခံဆေးတွေကို အခမဲ့ပေးတဲ့အပြင် အထူးဆေးဝါးတွေကိုပါ လိုအပ် သလိုဆောင်ရွက်ပေးပါတယ်”ဟု ယင်းကပြောသည်။
::
ရန်ကုန်ဆေးရုံကြီးတွင် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ဆေးဝါးသုံးစွဲ မှု ကုန်ကျငွေ (၂)ဘီလီယံရှိပြီး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် (၃)ဘီလီယံနှင့် ဓာတ်ခွဲခန်း၊ ဓာတ်မှန်တို့အတွက် အပိုထပ်ဆောင်းရရှိငွေသိန်းပေါင်း (၈)ထောင်ရရှိ ထားကြောင်း သိရသည်။

News Watch Journal ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment