Pages

Sunday, December 28, 2014

ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့သဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ


RangonNewsDaily:: December . 28 .2014
၂၆.၁၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကားလမ်းအတိုင်း ထန်းတပင်ဘက်မှ မှော်ဘီဘက်သို့ ထန်းတပင်မြို့နယ်နေ ယာဉ်မောင်း ကိုရဲကိုနိုင် မောင်းနှင်လာသော 2G---- SUZUKI Carry ကိုယ်ပိုင်ယာဉ်သည် သံတဇာကျေးရွာ အနီးအရောက် ယာဉ်၏ ယာဘက်နောက်ဘီး ကျွတ်ထွက်သွားကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးခဲ့သည့်အပြင် ယာဉ်ပေါ်ပါ ဘုရားဖူးခရီးသည်(၂၀)ဦးအနက် အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့၌ အတွင်း/ပြင်ပလူနာ (စိုးရိမ်ရ/မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရပါသည်။
::
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုရဲကိုနိုင်အား ထန်းတပင်မြို့နယ်၊ တော်လတဲ့နယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်


ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment