Pages

Sunday, December 28, 2014

၂၀၁၃ခုနှစ်အတွက်အကယ်ဒမီကမောက်ကမများ


RangonNewsDaily:: December . 28 .2014
၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမအလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ 
အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။

စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေးကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။
::
တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ပြီးတော့အခမ်းအနားမှူးအဖြစ် ပါဝင်တဲ့အကယ်ဒမီများရှင်ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။ ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က ဖေးကူသွားတာကို သတိပြုမိပါတယ်။

နောက် ငိုအားထက်ရယ်အားသန်ခဲ့ရတာကတော့ မင်းသမီးဇာတ်ဆောင်ဆုကို ကြေညာအပြီးမှာဆုရှင်ဝတ်မှုံရွှေရည်ကို ပွဲခင်းထဲမှာရှာမတွေ့ဘဲ ပရိသတ်ရှေ့ဆုံးကပေါ်လာတာကို စင်ပေါ်ကနေ ရန်အောင်က‘‘စိတ်လှုပ်ရှားလို့ မင်းသမီး (Toilet) အိမ်သာသွားနေတာပါ’’လို့ ပြောလိုက်တဲ့အခါမှာတော့ ကြည့်နေသူတွေ ပွဲကျသွားပါတယ်။
::
နောက်ရုပ်သံလိုင်းကတိုက်ရိုက်ပြနေတာကို စိတ်လှုပ်ရှားလို့ လား၊ မေ့သွားတာလား
မသိတဲ့ ဥက္ကဋ္ဌလူမင်းက ပြေတီဦးကိုရင်းနှီးခင်မင်စွာနဲ့ ဆဲဆိုရင်း ဂုဏ်ပြုစကားဆိုလိုက်
တဲ့စကားကိုတိုက်ရိုက်ထုတ်လွှင့်ရာကတစ်ဆင့် ကြားလိုက်ရတဲ့ ပရိသတ်က အံ့အားသင့်
ခဲ့ရပြီးလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့ တစ်ပြေးညီ အဲဒီအကြောင်းတွေ ပလူပျံသွား
ခဲ့ပါတယ်။
::
အကယ်ဒမီဆုရရှိသူတွေစာရင်းအတိအကျက တစ်ရက်ကြိုပြီး အွန်လိုင်းမှာပျံ့နှံ့နေ
ခဲ့တာကိုလည်း ပရိသတ်တချို့က မချိတင်ကဲဖြစ်ခဲ့ကြ ပြီးဝေဖန်ခဲ့ကြပါတယ်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment