Pages

Wednesday, December 3, 2014

မန္တလေး ကမ်းနားရှိ ကျူးကျော်အိမ်များ မန်းစည်ပင်က ဖျက်သိမ်း

RangonNewsDaily:: December . 3 .2014
နော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ရေလမ်းခရီးဖြင့် မန္တလေးသို့ လာရောက်မည့် ခရီးစဉ်မတိုင်မီ မန္တလေး ကမ်း နားလမ်း၊ ဂေါဝိန်ဆိပ်မှ ရှမ်းကလေးကျွန်း အကြားရှိ ကျူးကျော်အိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်နေ့က မန္တလေး စည်ပင် သာယာမှ ဘူဒိုဇာဖြင့် ထိုးကာ ဖယ်ရှားခဲ့ကြောင်း၊ ဂေါဝိန်ဆိပ်တခုထဲပင်လျှင် ကျူးကျော် အိမ်ခြေ ၇၀ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂၀၀ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်၊
အဆိုပါ ကျူးကျော်အိမ်များတွင် ဆိပ်ကမ်းများကိုမှီ၍ လုပ်ကိုင်စားသောက်နေသည့်မိသားစုများ နေထိုင်ကြပြီး၊ မန္တလေးစည်ပင်သာယာမှ ယခင်ကတည်းက ဖယ်ရှားရန် သုံးကြိမ်ခန့် ကြိုးစားခဲ့သော်လည်း ယခုအခါ စက်ယန္တရားဖြင့် အပြီးတိုင်ဖျက်သိမ်းခြင်းဖြစ် သည်ဟု သိရသည်။

ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time