Pages

Tuesday, December 2, 2014

ဆိုးသွမ်းစာရင်းဝင်သူတစ်ဦးက ဓားဖြင့်ထိုး၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်စွာရပြီး တစ်ဦးသေဆုံး

RangonNewsDaily:: December . 2 .2014
ထောက်ကြန့်လမ်းဆုံ ဘေးရပ်ကွက်တစ်ခုတွင် နယ်မြေ တွင်း နာမည်ကြီးသည့် လူဆိုးစာ ရင်းဝင်သူက ဓားဖြင့်ထိုးသော ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး အမျိုး သားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓားထိုးမှုမှာ နိုဝင် ဘာ ၂၆ ရက်ညက ထောက်ကြန့် လမ်းဆုံအနီးရှိ ပဲခူးလမ်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရပ် ကွက်အတွင်း နာရေးတစ်ခု၏ဖဲဝိုင်း၌ဖြစ်ပွားသော ပြဿနာကိုရပ်ကွက်အုပ်ချုပ်ရေးမှူးက ၀င်ဖြေရှင်းပေးသည်ကို မကျေနပ်၍ အုပ်ချုပ်ရေးမှူးအား လမ်းမပေါ်သို့ခေါ်၍ ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း ထောက်ကြန့် မြို့မရဲစခန်းမှူး ဒုရဲ မှူးဌေးဝင်းက ပြောသည်။

‘‘ဖဲဝိုင်းမှာ ပြဿနာဖြစ်တာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၀င် ရှင်းပေးတာကို မကျေနပ်လို့ ဖုန်းနဲ့ လှမ်းခေါ်ပြီး ဓားနဲ့ထိုးတာလို့ သိ ရတယ်။ တရားခံက ထွက်ပြေးနေ လို့ ဖမ်းဆီးနိုင်ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲမှူး ဌေးဝင်းက ပြောသည်။
::
ဒဏ်ရာရသူနှစ်ဦးမှာ ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေ ဆိုသူနှင့် ၎င်း၏ အစ်ကိုဖြစ်သည်။ ဦးညွန့်ဝေ၏ အစ်ကိုမှာ ဓားဒဏ် ရာ သုံးချက်ဖြင့် ဆေးရုံပို့စဉ် သေ ဆုံးသွားပြီး ဦးညွန့်ဝေမှာ ကိုယ် ခန္ဓာ အနှံ့ ဓားဒဏ်ရာ ငါး ချက်ရကာ အင်းစိန်ဆေးရုံတွင် ကုသနေရကြောင်း သတင်းရရှိသည်။ ဒုရဲမှူးဌေးဝင်းကလည်း ဓားဖြင့် ထိုးသူက စုစုပေါင်း ရှစ်ချက်ထိုးခဲ့ကြောင်း ပြောသည်။

‘‘ဓားနဲ့ ထိုးတဲ့သူက သူ့ကိုယ်သူ နယ်ထိန်းပုံစံနဲ့ ဖုန်းဆက်ပြီး အပြင်ကို ညာခေါ်ထုတ်တာ။ ပြီး တော့ ဓားနဲ့ထိုးတာ။ ရဲကလည်း သွားခေါ်တာတောင် ချက်ချင်း လိုက်မလာဘူး။ ဆိုင်ကယ် ကယ်ရီသမားတွေက မြင်လို့ ရဲတွေကို သွားခေါ်တာတောင်မှ လမ်း ကြောင်းထွက်နေလို့ဆိုပြီး ထိုင် စောင့်နေရတယ်။ သွားခေါ်တဲ့ အစ်ကိုကြီးက ရဲစခန်းမှာတင် မိနစ် ၂၀ လောက်ကြာတယ်’’ ဟု ဦးညွန့်ဝေ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထောက်ကြန့်လမ်းဆုံတွင် နေထိုင်သော အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ရန်ကုန်မြို့ နယ်နိမိတ်၌ ပါဝင်သည့်နေရာ တွင် မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်ပွား သည့်အတွက် ရဲတပ်ဖွဲ့က လွတ် မြောက်နေသူကို အမြန်ဆုံးဖမ်း ဆီးပေးစေလိုကြောင်း ပြောသည်။
::
ထွက်ပြေးနေသူမှာ ရပ်ကွက်အ တွင်း ရမ်းကားမှုများ မကြာခဏ ပြုလုပ်နေသူ ဖြစ်သောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း အသိပေးသည်။ အဆိုပါ အမှုကို ထောက်ကြန့်မြို့မရဲစခန်းက ပြစ်မှုဥပဒေပုဒ်မ ၃၃၃/၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးနေသူမှာ ပြီးခဲ့သည့်နှစ်က ဓားထိုးမှုတစ်ခုဖြင့် အမှု ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း ပြောသည်

7Day ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment