Pages

Wednesday, November 26, 2014

လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်ကလက်ထပ်လိုကြောင်း ကမ်းလှမ်း


RangonNewsDaily:: November . 26 .2014
သားလူပျိုကြီးအတွက် ရှာပေး သည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ်ပုဂ္ဂလိက သတင်း
စာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီး ငယ်၃ဝကျော်ေ လျှာက်ထားလာကြောင်း
ဖခင်ဖြစ်သူဦးစိန်မြင့်ကပြောသည်။
တရုတ်နိုင်ငံတွင် ရှေးယခင်က တည်းက အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးများသည် ၄င်းတို
့၏ ကြင်ဖော် ကြင်ဖက်များကို အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသလို မြန်မာ ပြည်ရှိ တရုတ်နွယ်ဖွားတို့သည်လည်း ထိုအတိုင်းပင်ကျင့်သုံးတတ်ကြရာ ထို နည်းလမ်းအတိုင်း ယခုမြန်မာနိုင်ငံတွင် သားဖြစ်သူအတွက် ကြင်ဖော် ရှာကြော် ငြာကို သတင်းစာတွင် နိုဝင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် နီးစပ်စွာရှိနေ သည့် မြန်မာနယ်စပ်မြို့အချို့တွင် အိမ် ထောင်ဖက်ရှာကြေညာစာတို
့က မထူး ဆန်းသော်လည်း ထူးခြားသည်ကရန် ကုန်တွင်ဖြစ်နေသည် ကတစ်ကြောင်း၊ ထို့အပြင် ပွဲစားနှင့်မဟုတ်ဘဲ ဖခင်ဖြစ် သူက ကိုယ်တိုင်ဝင်ကာ ကြေညာစာ ထည့်လိုက်ခြင်းပင်ဖြစ်သည်။
::
ဗမာစကားပြောတတ်သော တရုတ် လူမျိုးဖြစ်သည့် ၄င်းသည် သူ၏သားသမီး လေးဦးထဲမှ သား
တစ်ဦးကို အိမ်ထောင် ချပေးရန် ယခင်က ပွဲစားတို့နှင့် စပ်ဆက် ခဲ့သော် လည်း အဆင်မပြေ၊ စိတ်တိုင်း မကျသည့်အတွက် ကိုယ်တိုင်ကြေညာ စာကို ကြေညာခဲ့ရသည်ဟုပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိပြီး အရပ်မြင့် ရုပ်ရည်အသင့်အတင့်ရှိ ကုန်သည် အလုပ်လုပ်သူ ၄င်း၏
သား သည် အေးဆေး စွာနေတတ်ပြီး၊ အိမ် ထောင် ဘက်ကို မိဘကျေ နပ်သူနှင့်သာ လက်
ထပ်ပေါင်းသင်းမည်ဟု ဆိုထားရာ သူ့တွင်တာဝန်အပြည့်ရှိနေကြောင်း ထို့အ တွက် ကိုယ်တိုင်
ထွက်ရှာပေးလိုက်မိရာ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ကြေညာစာ ထည့်သူက သူပင်ပထမဦး ဆုံးဖြစ်
မည် ဟုထင်ကြောင်း ၄င်းကပြောသည်။
::
သူ၏သားနှင့် လက်ထပ်ရမည့် အမျိုးသမီးမှာ တရုတ်သို့မဟုတ် ကပြား ဖြစ်ရမည်ဟု တင်းကျပ်
သော စည်းကမ်း ထားရှိထားပြီး ထိုအမျိုးသမီးက အသက် ၂၈ နှစ်မှ အသက် ၃ဝ ကြားရှိရမည်ဟု ကြေညာစာတွင်သတ်မှတ်ထားသည်။

သူ၏သားနှင့် လက်ထပ်မည့်သူကို အလုံမြို့နယ်တွင်းမှ ကွန်ဒိုနှစ်ခန်းလက် ဖွဲ့မည့်အပြင်၊ အခြားသော ခံစားခွင့်တို့ လည်း မနစ်နာစေရအောင်နှင့် မင်္ဂလာပွဲ ကိုအလယ် တန်းအဆင့်ခမ်း
နားစွာ ဆောင် ရွက်ပေးမည်ဟု ၄င်းက ပြောသည်။”နှုတ်နဲ့ ပြောရင်မယုံမှာစိုးလို့ စာနဲ့ တောင်
သတင်းစာမှာ ကြေညာထားတာပဲ။ မနစ်နာစေရပါဘူး”ဟု ဖခင်ဖြစ်သူ ဦးစိန်မြင့်က ပြောသည်။
::
မနက်ပိုင်းသတင်းစာ ကြေညာစာ ဖတ်ပြီး မိန်းကလေးရှင်များဘက်က ၄င်းတို့၏ ဓာတ်ပုံတို့ကို Viber နှင့်ပို့ကြ ကြောင်း၊ ထိုထဲမှ မိသားစုနှင့် သူ၏သား သဘောကျသူကို အပြင်တွင်တွေ့ဆုံပေး ဖို့ရှိသည်ဟု ၄င်းထံမှသိရသည်။

ယခင်က ပွဲစားနှင့် ဆိုပါလျှင် ရွေး ချယ်ရခက်ခဲသော်လည်း လက်ရှိတွင် သူရွေးချယ်စရာတွေ များနေ၍ အလုပ် ရှုပ်နေကြောင်း ဦးစိန်မြင့်ကပြောသည်။”အားလုံးနဲ့တော့ မတွေ့ပေး
ဘူး။ မိန်းကလေးဘက်ကိုငဲ့ရမယ့် အပိုင်းရှိ သေးတယ်”ဟု ဦးစိန်မြင့်ကပြောသည်။
::
သူ၏သားမင်္ဂလာပွဲအတွက် အသင့် တော်ဆုံးအိမ်ထောင်ဖက်ကို ၁ဝ ရက်မှ ၁၅ ရက်အတွင်း အပြီးရွေးချယ် မည်ဟု ၄င်းက ပြောသည်။ကာယကံရှင် လူပျိုကြီးကိုမူ သူ၏အိမ်ထောင်ဖက်တို့နှင့်
သာ တွေ့ပေးမည် ဟု ဖခင်ဖြစ်သူကဆိုသည်။
::
သူ၏သားမှာ အလယ်အလတ် တန်းစားအလုပ်အကိုင်ရှိသူဖြစ်ပြီး ဖခင် ဖြစ်သူကမင်္ဂလာပွဲအား အလယ်အလတ် တန်းစား ဆောင်ပေးမည်ဟု ကြော်ငြာ စာတွင် ပါ ထားသော်လည်း တန်ဖိုးကြီး မားသည့် ကွန်ဒိုတိုက်ခန်း နှစ်ခန်းကို လက်ဖွဲ့မည်ဆိုခြင်းက ရှေ့နောက် မညီ ညွတ်ဟုဆိုကာ အွန်လိုင်းစာမျက်နှာ ပေါ်တွင် ဝေဖန် မှုများ ရှိနေကြသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment