Pages

Friday, October 3, 2014

အာရှယူ-၁၉ ပြိုင်ပွဲဝင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

RangonNewsDaily:: October . 3 .2014
၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့်နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတို့တွင် ကျင်းပမည့် အာရှယူ-၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၉အသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
မြန်မာယူ-၁၉အသင်းမှာ ကမ္ဘာ့ဖလား ယူ-၂ဝ ပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ပြီး ကာလရှည်လေ့ကျင့် ပြင်ဆင်ထားသည့် အသင်းလည်းဖြစ်သည်။ ဧပြီလဆန်းပိုင်းမှစ၍ လေ့ကျင့် ခဲ့သော မြန်မာယူ-၁၉အသင်းမှာ ယခု ပြိုင်ပွဲအတွက် ထိုက်သင့်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး နောက်ဆုံးအဆင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 

အာရှယူ-၁၉ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၉ အသင်းသည် စက်တင်ဘာ ၂၂ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ရက်ပိုင်းအကြာ အပြီးသတ်လူစာရင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းမှာ အာရှပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာပြိုင်ပွဲနှစ်ခုနှင့် နိုင်ငံ တကာခြေစမ်းပွဲများကို ကစားထားသောကြောင့် အတွေ့အကြုံကောင်းများ ရရှိထားသည်။

အာရှယူ-၁၉ပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းမှာ အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့် အတူပါဝင်လျက်ရှိသည်။


မြန်မာအသင်းမှာ အုပ်စုပွဲစဉ်များအဖြစ် အောက်တိုဘာ ၉ ရက်တွင် ယီမင်အသင်း၊ အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းအသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် အီရန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 


ပြိုင်ပွဲဝင်မည့် မြန်မာယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ ဦးစိုးဝင်း၊ နည်းပြချုပ်- ဂတ်ဖရိုင်းဒရစ်၊ လက်ထောက် နည်းပြ- ဦးညီညီလတ်၊ ဦးသန်းဝေ၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး- မျိုးမင်းလတ်၊ သန့်ဇင်ညို၊ ပြည့်စုံချစ်၊ နောက်တန်း- ထိုက်ထိုက်အောင်၊ နန်းဝေမင်း၊ ရဲရင့်အောင်၊ အောင်ဟိန်း၊ စိုးဦး၊ သီဟထက်အောင်၊ နန္ဒကျော်၊ နိုင်လင်းထွန်း၊ အလယ်တန်း-မောင်မောင်စိုး၊ ရွှေဝင်းထွန်း၊ ရန်နိုင်ဦး၊ မျိုးကိုထွန်း၊ ကျော်မင်းဦး၊ ချစ်လှအောင်၊ ငြိမ်းချမ်းအောင်၊ စွမ်းထက်အောင်၊ ရန်လင်းအောင်၊ ရှေ့တန်း-သန်းပိုင်၊ ရှိုင်းသူရ၊ မောင်မောင်လွင်နှင့်အောင်သူတို့ပါဝင်ကြသည်။

The Mirror Daily, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment