Pages

Monday, September 8, 2014

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစဉ်မှုနဲ့ ကမ္ဘာပေါ်မှာ စက္ကန့်(၄၀) တိုင်း လူတစ်ဦးသေဆုံး


RangonNewsDaily:: September . 8 .2014
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစဉ်မှုကြောင့် ကမ္ဘာပေါ်မှာ စက္ကန့်(၄၀) တိုင်း လူတစ်ဦးသေဆုံးရတယ်လို့ World Health Organization ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။ 
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစဉ်မှု အရေအတွက်ဟာ လူတွေနေထိုင်တဲ့ ထုံးတမ်းစဉ်လာ၊ လူမှုရေး၊ ဘာသာရေးနဲ့ စီးပွားရေးအခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အတော်လေး ကွဲပြားမှုရှိပါ
တယ်။ တခါတလေ ဆက်ပြီး အသက်မရှင်ချင်တဲ့ စိတ်တွေဖြစ်လာတတ်တယ်။ 

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစဉ်မှု အဆိုးဆုံးဖြစ်တဲ့နိုင်ငံအချို့ကို သေကြောင်းကြံစည်မှုသိပ်မရှိတဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အဆပေါင်း (၄၀) ထိ ပိုများနေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု အလွန်အကျွံဖြစ်စေတဲ့ ဖိအားတွေဟာ ဘယ်နေရာမဆို ဆင်တူကြပြီး အုပ်ချုပ်သူအစိုးရများအနေနဲ့ ၎င်းအဖြစ်အပျက်ကို လျော့ကျစေဖို့ နည်းလမ်းပေါင်းမြောက်များစွာနဲ့ ကြိုးစားလျှက်ရှိပါတယ်လို့ WHO က ပြောဆိုထားပါတယ်။

Geneva အခြေပြု UN အဖွဲ့ကြီးက တစ်နှစ်တစ်နှစ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အရေအတွက်ပေါင်း အနည်းဆုံး ၈၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းနဲ့ ပတ်သက်ပြီး အမြင်တွေ အများကြီး ကွာဟမှုရှိနေပြီး အချို့သောနိုင်ငံတွေမှာသာ တရားဝင်ခွင့်ပြုသေးတာကြောင့် နိုင်ငံအများစုက ဒီအချက်လက်တွေကို ကောင်းကောင်းမွန်မွန်ပြုစုထားခြင်းမရှိပါဘူး။ 


ဒါ့ကြောင့် ဒီချက်အလက်ဟာ လျော့ပေါ့ပြီး ခန့်မှန်း ထားချက်တစ်ခုပဲ ဖြစ်ပါတယ်။ တရားဝင်ခွင့်ထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒယနိုင်ငံဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစဉ်မှု အများဆုံးဖြစ်တဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Source: theguardian , Trend Myanmar , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment