Pages

Monday, September 8, 2014

သဘာထားကွဲလွဲမှုကြောင့် ABSDF၏ စစ်ရေးကော်မရှင်အတွင်းရေးမှူး သီးခြားတပ်ဖွဲ့ထူထောင်


RangonNewsDaily:: September . 8 .2014
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)နှင့်သဘောထား ကွဲလွဲမှုများဖြစ်ပေါ်သဖြင့် ABSDFစစ်ရေးကော်မရှင်အတွင်းရေး မှူးအဖြစ် တာဝန်ယူဖူးသော ကို ခင်ကျော်က စစ်ဦးစီးချုပ်အဖြစ်ဦး ဆောင်၍သီးခြားအဖွဲ့တစ်ဖွဲ့ ဖွဲ့ စည်းလိုက်ကြောင်း သတင်းရရှိ သည်။
ယခင်အဖွဲ့အစည်းကို မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦးဟုသာ ခံယူထားသော်လည်းလက်နက် ကိုင်တပ်ဖွဲ့ကိုမူ ကျောင်းသားတပ်မတော်အစား ပြည်ထောင်စု ကာကွယ်ရေးတပ်မတော်(UNR A)ဟုပြောင်းလဲသတ်မှတ်လိုက် ကြောင်း စက်တင်ဘာ ၆ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ယင်းအဖွဲ့တာဝန်ရှိ သူများကပြောသည်။

သီးခြား ဖွဲ့စည်းခဲ့သော ABSDFကို စစ်ဦးစီးချုပ်ကိုခင် ကျော်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ၍ ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ မူလ ABSDF သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဦးတည်ချက်များယိမ်း ယိုင်လာခြင်း၊ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခြင်းတို့ကြောင့် သီးခြားရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဦးစီးချုပ်ကိုခင်ကျော်ကပြော သည်။
::
‘‘သဘောထား ကွဲလွဲတာ တွေရှိလို့ စိတ်ဝမ်းကွဲတာတော့မ ဟုတ်ဘူး’’ဟုဆိုသည်။

သီးခြားရပ်တည်ခဲ့သော မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး၏ စစ်ဌာနချုပ်ကိုကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် အခြေစိုက်မည်ဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

မူလ ABSDFကို ၈၈အရေး တော်ပုံအပြီး ၁၉၈၈ခုနှစ် နိုဝင် ဘာ၁ရက်က တည်ထောင်ခဲ့ကာ လက်ရှိဥက္ကဋ္ဌမှာ ကိုသံခဲဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်တွင် စခန်းခု နစ်ခု၊ အိန္ဒိယ-မြန်မာနယ်စပ်တွင်စခန်းသုံးခုနှင့် တရုတ်နယ်စပ်တွင် စခန်းသုံးခုတည်ရှိကာ ပြည်ပနိုင်ငံများတွင် ဌာနခွဲများတည်ရှိသော ABSDF အဖွဲ့သည် ယမန်နှစ်က အစိုးရနှင့်အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
::
ABSDF ၏ လက်ရှိအင်အားမှာ ခုနစ်ရာခန့်ရှိကြောင်း နိုင်ငံတကာစစ်တမ်းများက ခန့်မှန်းသည်။

ABSDF (ကျောင်းသားတပ်မတော်)စစ်ရေးကော်မရှင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ကိုခင်ကျော်(ဓာတ်ပုံ − အောင်ခိုင်)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment