Pages

Monday, August 4, 2014

မြန်မာအိမ်အကူများ ထပ်မံစေလွှတ်ရန် စီစဉ်နေ

RangonNewsDaily:: August . 4 .2014
ပြည်ပသို့ အိမ်အကူစေလွှတ်မှုကို ခေတ္တရပ်နားထားရာမှ ယခုအခါ ပြန်လည်စေလွှတ်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ အိမ်အကူ ၁၉ဦးပါသည့်အဖွဲ့ကို ယခုနှစ် ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် ပြည်ပသို့ ပို့ဆောင်ခဲ့သည်။

ဇွန်လအထိ ဟောင်ကောင် အိမ်အကူ အလုပ်သမား ဈေး ကွက်သို့ မြန်မာ အလုပ်သမား ၁၃၂ ဦးစေလွှတ်ခဲ့သည်။ ဟောင်ကောင်တွင် အိမ်အကူသုံးသိန်းကျော်ရှိသည်။

ယင်းနောက်ပိုင်း အင်ဒိုနီး ရှားမှ ဟောင်ကောင်သို့ လာ ရောက်လုပ်ကိုင်သည့် အိမ်အကူအမျိုးသမီးကို အနိုင်ကျင့်သည်ဆို သောစွပ်စွဲမှုကြောင့် မြန်မာနိုင်ငံ မှ အိမ်အကူများ တင်ပို့ခြင်းကို အစိုးရကရပ်တန့်ထားခဲ့ပြီး နှစ်လအကြာ ယခုအခါတွင် ထပ်မံတင်ပို့ရန်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများကို အကာကွယ်ပေးရေးတိုးမြှင့်ပေးရန် ပြည်ပအလုပ်သမားအေဂျင်စီ ဖက်ဒရေးရှင်းသို့ နေပြည်တော်က ဆက်သွယ်ပြောဆိုခဲ့ပြီးသည့်နောက် ယင်းသို့အစီအစဉ်ပြောင်းလဲလာခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ အေဂျင် စီတစ်ခုက အနိမ့်ဆုံးလစာ၊ အား လပ်ရက် ရပိုင်ခွင့်နှင့် ဥပဒေအရ အကာအကွယ်များပေးအပ်မည့် အကြောင်းပါဝင်သော သဘော တူညီချက်ကို လက်မှတ်ရေးထိုး ထားကြောင်း သတင်းရရှိသည်။သို့သော် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနှင့် ဟောင်ကောင်ရှိသံရုံးတို့မှ ခွင့်ပြုချက်ရယူရန်လိုအပ်နေသေးသည်ဟုဆိုသည်။

အိမ်အကူများ အနိုင်ကျင့်ခံရမှုအပေါ် စိုးရိမ်ပြီး စင်ကာပူနှင့်ဟောင်ကောင်သို့ အလုပ်သမားတင်ပို့မှု ခေတ္တ ရပ်တန့်သွားခဲ့သည်။

‘‘လက်ရှိမှာ အလုပ်သမား တင်ပို့မှုကို အစိုးရက ခေတ္တရပ် တန့်ထားပါတယ်’’ ဟု ဖယ်ဒရေး ရှင်း ဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က South China Morning Post အားပြောဆိုသည်။

‘‘အလုပ်သမားဝန်ကြီးဌာန က နားလည်မှု စာချွန်လွှာလက် မှတ်ရေးထိုးဖို့ ကျွန်တော်တို့ကို ပြောပါတယ်။ပြီးရင်ဟောင်ကောင် ကို အိမ်ဖော်အကူ လုပ်သားတွေ ပြန်ပို့ဖို့စဉ်းစားနေပါတယ်’’

လက်ရှိတွင် မြန်မာနိုင်ငံရှိ အေဂျင်စီ ၂၀၂ ခုက ပြည်ပသို့ အလုပ်သမားပို့လွှတ်ရန်လိုင်စင် ယူထားသည်။ ဖိလစ်ပိုင်နှင့်အင်ဒို နီးရှားတို့က အလုပ်သမားအလုံး အရင်းလိုက်ဆက်လက်ပေးပို့နေ ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန စာရင်းများအရသိရသည်။ သို့ရာ တွင် လျင်မြန်စွာ တိုးတက်လာနေသည့် ယင်းနိုင်ငံများမှ အလုပ်သမားစုဆောင်းရယူမှုသည် ၂၀၁၇ ခုနှစ်ခန့်တွင် လိုအပ်သ လောက်မရရှိတော့မည်ကို စိုးရိမ် နေကြသည်။

ဟောင်ကောင် အိမ်အကူ လုပ်သားများ ကင်န်ပိန်းပြောခွင့်ရပုဂ္ဂိုလ်က မြန်မာနိုင်ငံမှ အိမ်အကူများကို ပုံမှန်အကူအညီပေးသွားရန် ကမ်းလှမ်းထားသည်။

‘‘မြန်မာအစိုးရက သတိထားတယ်ဆိုတာ သင့်လျာ်မှန်ကန်ပါတယ်။ ကျွန်တော်တို့ အမြင်အရဆိုရင် မြန်မာက အာရှမှာ အားအနည်းဆုံး လူတွေထဲမှာ ပါပါတယ်။ အေဂျင်စီတွေက ဒါကြောင့်လည်း ဒီနိုင်ငံက အလုပ်သမားတွေကို စုဆောင်းဖို့တမင်ကြိုးစားကြတာပါ’’

အလုပ်သမား ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကလည်း ‘‘ကျွန်မတို့က ပညာပေးအစီအစဉ် အမျိုးမျိုးလုပ်ပေးနေပြီး နိုင်ငံခြား အိမ်အကူ လုပ်သားတွေကို သူတို့ အခွင့်အရေးနဲ့ ကိုယ့်ကိုယ် ကိုယ် ဘယ်လိုကာကွယ်ရမယ်ဆို တာကို သိရှိနားလည်လာအောင် သင်တန်းတွေပေးပါတယ်။ အကြမ်းဖက်တာ၊ အသုံးချတာတွေကို ကျွန်မတို့က လုံးဝသည်းခံမှာမဟုတ်ပါဘူး’’

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment