Pages

Monday, August 4, 2014

အူရီးဒူးဆင်းမ်ကတ် ၁၅၀၀ ထက် ဈေးပိုပေး မ၀ယ်ကြရန် မေတ္တာရပ်ခံ ဈေးပိုရောင်းချသောဆိုင်များကို ကုမ္ပဏီက ခေါ်ယူဆွေးနွေးမည်ဟုဆို


RangonNewsDaily:: August . 4 .2014
အူရီးဒူးမြန်မာကုမ္ပဏီမှ ကျပ် ၁၅၀၀ တန် မိုဘိုင်းဆင်းမ် ကတ်များကို သြဂုတ် ၂ရက်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပြီး ဈေးပို ရောင်းချနေသည့် မိုဘိုင်းဖုန်း ဆိုင်များကိုလည်း ခေါ်ယူဆွေးနွေး သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများကပြောသည်။

ဇူလိုင် ၂၉ ရက်မှ စ၍ မန္တ လေး၊နေပြည်တော်နှင့် ဇူလိုင် ၃၀ တွင် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်များ၌ အူရီးဒူးဆင်းမ်ကတ်များကို စတင် ရောင်းချခဲ့သော်လည်း သြဂုတ် ၂ ရက်မှသာ တရားဝင် ရောင်းချပြီ ဖြစ်ကြောင်း ကြေညာ သည်။

ဇူလိုင် ၂၉ရက်မှ သြဂုတ် ၂ ရက်အထိရောင်းချပြီးသောဆင်းမ်ကတ်အရေအတွက်ကိုမူ ကုမ္ပဏီ မှ တာဝန်ရှိသူများကဖြေကြားခြင်း မရှိပေ။

ကနဦး စမ်းသပ်ကာလအ ဖြစ် သြဂုတ် ၂ရက်မှ ၁၄ရက်အထိ သတ်မှတ်ထားပြီးထိုကာလတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်မြို့ကြီးသုံးမြို့နှင့် ၎င်းတို့အ နီးပတ်ဝန်းကျင်ရှိ မြို့နယ်များ တွင် သုံးစွဲနိုင်မည်ဖြစ်သည်။ သြ ဂုတ် ၁၅ရက်တွင် ပြည်၊ မိတ္ထီလာ၊ မကွေး အပါအ၀င်မြို့ပေါင်း ၆၈မြို့အထိ အသုံးပြုနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အူရီးဒူး မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormackကပြော သည်။

‘‘ကျွန်တော်တို့ရဲ့ ဆင်းမ် ကတ်တွေကို ၁၅၀၀ ထက်ပိုမ၀ယ် ဖို့ မေတ္တာရပ်ခံပါတယ်။ ဒီရက် ပိုင်းအတွင်းမှာပဲ လိုသလောက်ရအောင် လုပ်ပေးသွားပါ့မယ်။ ၁၅၀၀ နဲ့ ၀ယ်ထားတဲ့အတွက် လည်း လစဉ် ၅၀၀ ကျပ်ကို သုံးစွဲ သူတွေရဲ့ ဖုန်းဘီလ်ထဲကို အလို အလျောက် သုံးလပြန်လည်ပေး သွားပါ့မယ်’’ ဟု ၎င်းက ပြောသည်။

အူရီးဒူးဆင်းမ်ကတ်ကို ၁၅၀၀ ကျပ်ထက် ဈေးပိုရောင်းချခဲ့မှုများ ရှိသောကြောင့် ထိုဆိုင်များကို ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးသွား ရန်လည်းရှိကြောင်းအူရီးဒူးမြန်မာ ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေးဒါ ရိုက်တာဦးမြင့်ဇော်ကပြောသည်။

‘‘အပြင်မှာ ဈေးအရမ်း ပေါက်နေတာနဲ့ပတ်သက်လို့အား လုံးကို ၁၅၀၀ နဲ့ရောင်းပေးဖို့ပြော ထားပါတယ်။ ဂဏန်းလှတာနဲ့ ပတ်သက်လို့ တချို့ဆိုင်တွေက ဘယ်လိုလုပ်တယ်ဆိုပြီးကြားသိ ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လည်း ခေါ်ယူတွေ့ဆုံပြီးတော့ ဆွေးနွေးဖို့လည်း ရှိပါတယ်။ တစ် ရက်နှစ်ရက်နေရင် ပြန်ကျသွားဖို့ ရှိပါတယ်’’ ဟုဦးမြင့်ဇော်ကပြော သည်။

‘‘ဈေးကွက်ထဲမှာ လိုသ လောက်ရောင်းမပေးနိုင်ရင် ဈေးပို ရောင်းတာကတော့ရှိမှာပဲ။ Gold ယူထားရင်တစ်ဆိုင်ကို ရှစ်ရာရ တယ်။ ရောင်းလို့ကုန်သွားတော့ ထပ်ရမလားဆိုတော့ မပေးသေး ဘူး။ ဘယ်တော့ရမယ်ဆိုတာ လည်းမသိရသေးဘူး။ သူတို့က စဖြစ်တာ ကတ်တွေကိုချက်ချင်း ထပ်ချပေးဖို့အတွက်အဆင်သင့် ရှိမနေဘူး’’ ဟု ရန်ကုန်မြို့ရှိ မို ဘိုင်းဖုန်းဆိုင်တစ်ခုမှ တာဝန်ခံ တစ်ဦးကပြောသည်။

အူရီးဒူးမြန်မာ ကုမ္ပဏီမှ ဆက်သွယ်ရေးကွန်ရက်အတွက် သြဂုတ် ၁၃ ရက်မှသာ စတင် လည်ပတ်မည်ဖြစ်ရာ လက်ရှိတွင် ကနဦး စမ်းသပ်ကာလအဖြစ်အ သုံးပြုနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့ တွင်းအချို့နေရာများတွင် အူရီးဒူးကွန်ရက် မရရှိသေးကြောင်းသတင်းရရှိသည်။

‘‘မန္တလေးနဲ့နေပြည်တော်မှာ အပြည့်ရပါပြီ။ ရန်ကုန်မှာတချို့ နေရာတွေလိုအပ်ပါသေးတယ်။ ဒါတွေကို ပြည့်မီအောင်လုပ်နေပါ တယ်။ ရန်ကုန်မှာတော့ တချို့နေ ရာတွေမှာ မရသေးပါဘူး။ တာဝါ တိုင်တပ်ဆင်မှုလေးတွေလုပ်နေ ပါတယ်။ အခု သြဂုတ်လထဲမှာ တော့ အားလုံးရနိုင်မယ်လို့မှန်း ထားပါတယ်။အဲဒါကြောင့်လည်း စမ်းသပ်ကာလမှာ တစ်ပြားမှမယူ ဘဲနဲ့ ပရိုမိုးရှင်းလုပ်ပေးတာဖြစ်ပါ တယ်’’ ဟု ဦးမြင့်ဇော်ကပြောကြားသည်။

အရောင်း ကိုယ်စားလှယ် ဆိုင်ပေါင်း ၆၅၀၀ရှိကာ လိုသ လောက်ဖြန့်ဖြူးရောင်ချပေးမည် ဖြစ်သော်လည်းလက်ရှိတွင် ရွှေ အဆင့် ကိုယ်စားလှယ်ဆိုင်များ တွင် ကတ်ရှစ်ရာ၊ ငွေအဆင့်ရှိဆိုင်များတွင် ကတ်လေးရာနှင့် ကြေးအဆင့်ရှိ ဆိုင်များတွင် ကတ်နှစ်ရာသာ ချထားပေးခြင်းကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေပြီး ဆင်းမ်ကတ်တစ်ကတ်လျှင် ၁၅,၀၀၀ ကျပ်အထိရောင်းချမှုများရှိနေကြောင်း သတင်းရရှိသည်။

ကနဦး စမ်းသပ်ကာလပြီး ဆုံးမည့် သြဂုတ် ၁၅ရက်မှစတင် ၍ လက်ရှိအသုံးပြုနိုင်သည့် မို ဘိုင်းဖုန်း ခေါ်ဆိုခြင်း၊ အင်တာ နက် အသုံးပြုခြင်းသာ မကဘဲ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင် သည့် မိုဘိုင်းဝန်ဆောင်မှု(Ro−am ing)၊အင်တာနက်အသုံးပြုခအထူးအစီအစဉ်များအပါအ၀င်အခြားသော ၀န်ဆောင်မှုများကို လည်း တိုးချဲ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အူရီဒူးဆင်းမ်ကတ်များ အ တွက်အသုံးပြုရမည့် ငွေဖြည့် ကတ်များကိုလည်း သြဂုတ် ၁၅ ရက်နောက်ပိုင်းမှသာ စတင်အ သုံးပြု၍ရမည်ဖြစ်သည်။

ဆင်းမ်ကတ်သုံးစွဲသူများအ နေဖြင့် ၎င်းတို့၏၀န်ဆောင်မှုများ ကို သိရှိနိုင်ရန်အတွက် အူရီးဒူး၏ တရားဝင် စာမျက်နှာဖြစ်သော www.ooredoo.com.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး ကိုယ်ပိုင် Call Center ဖြစ်သည့် 234နှင့် 09970000234 သို့ ဖုန်းဆက် မေးမြန်းနိုင်ကြောင်း သတင်းရရှိ သည်။

အူရီးဒူး လက်ရှိသတ်မှတ် ထားသည့် ဖုန်းခေါ်ဆိုခနှင့်အင် တာနက်အသုံးပြုခနှုန်းထားများ မှာ ၎င်းတို့၏ ဆင်းမ်ကတ်အချင်း ချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ကျပ်၊ အခြားကွန်ရက်များဖြစ် သည့် (MPT,MECTel)တို့ကို ခေါ် ဆိုပါက တစ်မိနစ် ၃၅ကျပ်၊ SMSပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြုပါ က 1MB လျှင် ၂၅ ကျပ် ကျသင့် မည်ဖြစ်ကြောင်းသိရသည်။

အူရီးဒူးမှ စမ်းသပ်ကာလ အတွင်း အခမဲ့အသုံးပြုခွင့်ပေး ထားသောဝန်ဆောင်မှုများမှာ(၁) အူရီးဒူး ဆင်းမ်ကတ်အချင်းချင်း မိနစ် ၉၀၀အခမဲ့ဖုန်းခေါ်ဆိုခွင့်နှင့် SMSအစောင် ၉၀၀ အခမဲ့ပေးပို့ ခွင့်၊ (၂)အခြားကွန်ရက်မိုဘိုင်းဖုန်းများသို့ မိနစ် ၉၀ ဖုန်းခေါ်ဆိုခွင့်နှင့် SMSအစောင် ၉၀ အခမဲ့ ပေးပို့ခွင့်၊ (၃)တစ်ရက်လျှင် 20 MB အခမဲ့ သုံးစွဲခွင့်နှင့် Facebook အခမဲ့သုံးစွဲခွင့်တို့ ဖြစ်သည်။

အူရီးဒူးမြန်မာ ကုမ္ပဏီ၏ ဆင်းမ်ကတ်အရောင်းဆိုင်တွင် ကတ်ဝယ်ယူရန်တန်းစီနေသူများကို သြဂုတ် ၂ ရက်တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment