Pages

Friday, August 29, 2014

အင်္ဂလန် လက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင် သစ် အဖြစ် ဝိန်းရူနီကို ရွေး


RangonNewsDaily:: August . 28 .2014
အသက် ၂၈ နှစ် အရွယ် ရူနီဟာ လက်ရွေးစင်ကစားသမားဘဝက နားသွားတဲ့ စတီဗင် ဂျရတ်ရဲ့ နေရာကို ယူမှာပါ။ ရူနီကတော့ အခုလို အရွေးခံရတာကို အင်မတန် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ အင်္ဂလန် အသင်းအတွက် ၉၅ ပွဲမှာ ဂိုး ၄၀ သွင်းထားပေးတဲ့ရူနီဟာ ဒီရာသီအစပိုင်းမှာ သူ့ရဲ့ ကလပ်အသင်းမန်ချက်စတာ ယူနိုက်တက်မှာလည်းအ သင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် တနင်္လာ စက်တင်ဘာလ ၃ ရက်နေ့မှာ ခြေစမ်းပွဲအဖြစ် နော်ဝေးနဲ့ ဝင်ဘလေကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။ 

Euro 2016 ခြေစစ်ပွဲတွေကို နောက်တပတ်အကြာ စက်တင်ဘာ ၈ ရက်မှာ စကစားတဲ့ အခါ အင်္ဂလန်က ဆွစ်ဇာလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

BBC Burmese , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment