Pages

Friday, August 29, 2014

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ဖမ်းမိပါက ဆိုင်ကယ်သိမ်းမည့်အပြင် ဆိုင်ကယ်တန်ဖိုးဒေသပေါက်ဈေး၏ ၅ဝရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ရမည်

RangonNewsDaily:: August . 28 .2014
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိုင်စင်မဲ့မော် တော်ဆိုင်ကယ်များကို ဖမ်းမိပါက ဆိုင်ကယ်တန်ဖိုး၏ ဒေသပေါက်ဈေး ၅ဝရာခိုင်နှုန်း(သို့မဟုတ်) ဆိုင်ကယ် တန်ဖိုးထက်မနည်းသော ဒဏ်ကြေး ကို ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူး သန်းမြင့်က ''လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တွေကိုတော့ ရန်ကုန်မှာ ဖမ်းဆီးနေပါတယ်။ အခုက စီမံချက် ကာလပြီးသွားပြီဆိုတော့ ဖမ်းမိတဲ့ ဆိုင်ကယ်တွေကို ထိရောက်စွာအရေး ယူဆောင်ရွက်သွားမှာပါ။ ဖမ်းမိရင် ဆိုင်ကယ်ကိုသိမ်းတဲ့အပြင် ဖမ်းမိတဲ့ ဆိုင်ကယ်တွေအတွက် ဒဏ်ရိုက်သွား မှာပါ။

 ဒဏ်ကြေးမဆောင်တဲ့သူတွေ အတွက် လိုင်စင်မဲ့ဆိုင်ကယ်တွေကို သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့အရေး ယူသွားမှာပါ''ဟု ပြောသည်။

ယင်းသို့ဆောင်ရွက်မှုကို သြဂုတ် ၂၇ရက်က စတင်ဆောင်ရွက်ခြင်းဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင် နယ်နိမိတ်ရှိ မြို့နယ် ၃၁မြို့နယ် တွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်မ ရှိကြောင်း သိရသည်။


ယင်းအပြင် ယခုလမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ် ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။


ယင်းက ''ရန်ကုန်မှာ ဘယ်ဆိုင် ကယ်မှ စီးခွင့်မရှိဘူး။ ထန်းတပင်၊ လှည်းကူး၊ ကွမ်းခြံကုန်း၊ ဒလ၊ တိုက် ကြီးစတဲ့မြို့နယ်တွေကအစ စီးခွင့် မရှိပါဘူး။ အမြဲတမ်း ဖမ်းနေဖို့ဆို တာမဖြစ်နိုင်တဲ့အတွက် ဆိုင်ကယ်စီး နင်းမှုတွေများလာတယ်၊ ဒါကြောင့် နောက်ပိုင်းမှာ ဖမ်းမိတာနဲ့ ထိရောက် စွာ အရေးယူပြီးဖမ်းဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ပေါင်းပြီး လုပ်ဆောင်သွား မှာပါ''ဟု ရဲမှူးသန်းမြင့်က ပြောသည်။


''အခုလက်ရှိ ရန်ကုန်မှာ ရဲ၊ စည်ပင်၊ စာပို့ဝန်ထမ်း၊ ယာဉ်ထိန်းနဲ့ အီးပီစီအဲဒီ့ဝန်ထမ်းတွေကတော့ ယူနီဖောင်းအပြည့်အစုံဝတ်ထားရင် စီးလို့ရပါတယ်။ မဝတ်ထားရင် ဖမ်းလို့ ရပါတယ်။ သူတို့ကတော့ ဥပဒေအ ရစီးနင်းခွင့်မပေးထားပေမယ့် သက် ဆိုင်ရာ မြို့နယ်အလိုက် လုပ်ကိုင်ရ လွယ်ကူအောင် စီးနင်းခွင့်ပေးထား တာပါ''ဟု ရဲမှူးသန်းမြင့်က ဆက် လက်ပြောသည်။


လှိုင်သာယာမြို့နယ် နေထိုင်သူ ဒေါ်အေးမိစံက ''ဒီဘက်မှာဆိုင်ကယ် ကယ်ရီလုပ်တဲ့သူတွေ အရမ်းများလာ တော့ ပြဿ နာတွေလဲဖြစ်တယ်။ ယာဉ်တိုက်မှုတွေလဲ ဖြစ်တယ်။ ဒါ ကြောင့် ထိရောက်စွာအရေးယူသင့် ပါတယ်''ဟု ပြောသည်။


တရားမဝင်ဝင်ရောက်လာ သော လိုင်စင်မဲ့မော်တော်ဆိုင်ကယ် များကို ဖေဖော်ဝါရီ ၁၄ရက်မှ ဇူလိုင် ၄ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး one stop service စနစ်ဖြင့် ဆိုင် ကယ်အစီးရေ ၄၅၁၆ဝ၈စီးကို မှတ်ပုံ တင် ဆောင်ရွက်ပေးခဲ့ကြောင်း အ မှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရ သည်။


Democracytoday , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment