RangonNewsDaily:: August . 22 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စာပေ၊ ပန်းချီ၊ ကာတွန်းဆရာတွေနဲ့ လာမယ့် သြ
ဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံမှာဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံပွဲနဲ့ပတ်
သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် က အခုလိုပြောပါတယ်။
"အထက်ဗမာပြည်က စာရေးဆရာတွေနဲ့ပြီးတော့ အောက်ဗမာပြည်က စာရေးဆရာတွေနဲ့လည်း သူ တွေ့ချင်တယ်ဆိုလို့ ဆန္ဒရှိလို့ တွေ့ကြမှာပါခင်ဗျ၊ စာပေပညာရှင်တွေနဲ့၊ သဘင်ပညာ၊ နောက် ကာတွန်းဆရာတွေနဲ့ တွေ့ပါလိမ့်မယ်ခင်ဗျ၊ သူကိုယ်တိုင်က စာပေအနုပညာရှင် ဝါသနာပါတယ်လေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ သူက ကာတွန်းဆရာတွေပါ အမျိုးမျိုးအစားစားရှိတယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ မကြာခဏတွေ့နေမယ်ဗျ၊ ဒါပေမဲ့ အလုပ်ကမအားလို့ မတွေ့ရတာပါ၊
အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်းတွေ၊ နိုင်ငံရေး စိန်ခေါ်မှုတွေမှာ စာပေပညာရှင်တွေအနေနဲ့ ဒီမိုကရေစီဘက်က၊ NLD ဘက်ကပေါ့၊ ဝိုင်းဝန်းကူညီကြဖို့၊ ပံ့ပိုးကြဖို့ အဲ့ဒီရည်ရွယ်ချက်လည်း ပါပုံရပါတယ်"
အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ စာပေအနုပညာရှင် ၁၀၀ ကျော်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က စာပေအနုပညာရှင်တွေနဲ့ ပြီးခဲ့တဲ့ မတ်လက တွေ့ဆုံခဲ့ပါတယ်။
RFA , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment