Pages

Tuesday, July 22, 2014

MH-17 ပစ်ချခံရခြင်း၏ သဲလွန်စ ယူကရိန်း ထောက်လှမ်းရေး ရရှိခဲ့


RangonNewsDaily:: July . 22 .2014
မလေးရှားလေယာဉ် MH-17 အား ပစ်ချခဲ့သည့် တရားခံ၏ သဲလွန်စအား ယူကရိန်းထောက်လှမ်း ရေးက ရုရှားလိုလားသည့် သူပုန်များ၏ တယ်လီဖုန်းကို ကြားဖြတ် နားထောင်ခြင်းမှ ရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ဆိုသည်။
ဤအသံမှတ်တမ်းအား ယူကရိန်းက ဖြန့်ချိခဲ့သည်။ ပစ်ချသူစစ် သွေးကြွတစ်ဦးက တခြားသူပုန်များ အား လေယာဉ်ပစ်ချ
လိုက်ကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြားဖြတ်နားထောင်ခံရသူ စစ်သွေးကြွများ လေယာဉ်ပျက်
ကျရာသို့ ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အောက်ပါတို့မှာ သူပုန်မေဂျာ ဆိုသူနှင့်(Grek) ဂရက်ဆိုသူတို့ အပြန်အလှန် ဖုန်းဖြင့် ပြောကြားချက်များ ဖြစ်သည်။


မေဂျာ-လေယာဉ်က လေထဲမှာ အပိုင်းပိုင်းဖြစ်သွားတယ်။ ကျွန်တော် တို့ ပထမလူသေအလောင်း ၂ဝဝ တွေ့ရတယ်။ ဒါတွေဟာ အရပ်သား တွေပဲ။


ဂရက်-ဘယ်လို ဖြစ်ကုန်တာလဲ။

မေဂျာ-ဟုတ်တယ်။ ရာနှုန်းပြည့် သေချာတယ်။ ဒါဟာ အရပ်ဘက် လေယာဉ်ပဲ။


ဂရက်-လူတွေ အများကြီးပါသလား။

မေဂျာ-နင့်အမေမှပဲ။ လေယာဉ်ပျက်က ကွင်းပြင်ထဲ ပြန့်ကျဲသွားတာပဲ။ ဒီမှာ အတွင်းက ထိုင်ခုံအပျက်အစီး တွေနဲ့ အလောင်းတွေ အများကြီး ပဲ။

ဂရက်-တခြားလက်နက်တွေကော မတွေ့ဘူးလား။


မေဂျာ-ဘာလက်နက်မှ မတွေ့ရဘူး။ အရပ်ဘက်လေယာဉ်ပဲ။ ဆေးစာတွေ၊ မျက်နှာသုတ်ပဝါတွေနဲ့ အိမ်သာ စက္ကူတွေပဲ တွေ့တယ်။


ဤဖုန်းပြောကြားချက်အား CNNက အစစ်အမှန်ဖြစ်သည်ကို စစ်ဆေးမှု မပြုခဲ့ဟု ဆိုသည်။ တည်း ဖြတ်ပြီးသား ဟုတ်မ

ဟုတ်လည်း မသိရဟု ပြောခဲ့သည်။

CNN စစ်ဘက်အကြံပေး ဒုတိယဗိုလ်မှူးကြီးရစ်ဖရန်ကိုနာက ယူကရိန်းက သူပုန်တွေရဲ့ တယ်လီဖုန်းကို ဖြတ်နားထော
င်
တယ်ဆိုတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း ထောက်လှမ်းရေးတွေ သူ တို့နယ်မြေမှာ ကျွမ်းကျင်ကြောင်း ၄င်းကပြောသည်။

ယူကရိန်းထောက်လှမ်းရေး၏တခြားထုတ်ပြန်ချက်တွင်ရုရှား ထောက်လှမ်းရေးနှင့် ယူကရိန်းသူပုန် တို့အကြား ပြောကြား

ချက်ပါခဲ့သည်။

ခွဲထွက်ရေးအုပ်စု လူဂန်စ် အမျိုးသားရီပတ်ဘလစ်နှင့် ရုရှား ထောက်လှမ်းရေးတို့ ပြောကြားရာ တွင် ရုရှားအရာရှိက သူပုန်အား (BUK)ဘတ်ဒုံးပျံကို အပျက်အစီးကြား မှထုတ်၍ သိမ်းဆည်းဝှက်ထားရန် ညွှန်ကြားခဲ့သည်။ (BUK)ဘတ် ဒုံးပျံမှာ မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံ ဖြစ်ပြီး မလေးရှားလေယာဉ် MH-17 ကို ပစ်ချခဲ့သော ဒုံးကျည်ဖြစ်သည်။

Ref: CNN
Yangon Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment