Pages

Tuesday, July 22, 2014

ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ


RangonNewsDaily:: July . 22 .2014
ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်းသတင်းရရှိသည်။
ဇူလိုင်လ ၁၉ရက် မွန်းလွဲ ၂ နာရီတွင် ဆိုင်ကယ်စီးသူတစ်ဦးက စက်ဘီးဖြင့်လှည်လည်နေသော ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။

ယခုအကြိမ်လုယက်ခံရခြင်းသည် ၂၀၁၄ခုနှစ်အတွင်း ဒု တိယအကြိမ်လုယူခံရခြင်းဖြစ် သည်။ ၂၀၁၃ခုနှစ်အတွင်းက ကမ္ဘာလှည့်ခရီးသွားများကိုးကြိမ် တိတိလုယူခံခဲ့ရသည်။

ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ Samsung Latop တစ်လုံး၊ Canonကင်မရာတစ်လုံး၊ Note Bookတစ်ခုစသည်တို့လုယူခံရကြောင်း ပစ္စည်းလုယူခံရသည့် ဗီယက်နမ်နိုင်ငံသူ မစ္စလီသီသူဟက 7Day Dailyအား ပြောသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment