Pages

Monday, July 28, 2014

တာချီလိတ်တွင် စည်ပင်ဝန်ထမ်းက ကျပ်သိန်းထောင်ကျော် လိမ်လည်ဟုဆို

RangonNewsDaily:: July . 28 .2014
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စည်ပင်ဝန်ထမ်းတစ်ဦးက ဈေးဆိုင်ခန်းများရရှိရေး ဆောင်ရွက်

ပေးမည်ဟု ဆိုကာ ငွေကျပ် သိန်းထောင်ကျော် လိမ်လည်ခဲ့သဖြင့် တရားရုံးတွင် အမှုဖွင့် ဆောင်ရွက်လျက်
ရှိကြောင်း လိမ်လည်ခံရသူ ဈေးသူဈေးသားများက ပြောကြားသည်။
လိမ်လည်မှုဖြင့် အမှုဖွင့်ခံရသူမှာ စည်ပင်အရာရှိ၏ တပည့်ရင်းဖြစ်ပြီး စည်ပင်ဝန်ထမ်းဝတ်စုံအမြဲဝတ်ဆင်
ထားသဖြင့် ယုံကြည်စွာ ဆက်ဆံခဲ့ရရာမှ စည်ပင်အရာရှိ ပြောင်းချိန်တွင် အခြားသူများ၏ ငွေများကိုပါ လိမ်
လည်ရယူပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် ဇူလိုင်လ ၁၀ ရက်က တရားရုံးတွင် အမှုဖွင့်ထား
ကြောင်း ထိန်ထိန်လင်း ရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းရွှေလွင်က ပြောကြားသည်။

လိမ်လည်ခံရသူများတွင် ကျပ်ငွေ ၅ သိန်းမှစ၍ ကျပ်သိန်း ၂၀၀ ခန့်အထိ လူပေါင်း ၂၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း တစ်ထောင်ကျော်ကို စည်ပင်ဝန်ထမ်း ဝတ်စုံဝတ်၍ လူကြီး၏ လုပ်ပိုင်ခွင့် ရှိသယောင် ယုံကြည်

လောက်အောင် ပြောကြားပြီး လိမ်လည်သွားခြင်း ဖြစ်ကြောင်း အလိမ်ခံရသူ ဒေါ်လှလှဌေးက ပြောကြား
သည်။

အဆိုပါဖြစ်စဉ်တွင် လိမ်လည်သူဟုဆိုသူ ကိုထက်အောင်သည် စည်ပင်ဌာနအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ

နေ့စားဝန်ထမ်းသာ ဖြစ်ပြီးယခင်တာဝန်ကျ စည်ပင်အမှုဆောင်အရာရှိဦးကိုကို၏ယာဉ်မောင်း ဖြစ်ကြောင်း
၊ ယင်းလိမ်လည်မှုကို သတင်းစာတွင် ကြေညာပေးမည် ဖြစ်ပြီး အထက်ဌာနသို့ တင်ပြ၍ လိုအပ်သည်
များ ကူညီ ဆောင်ရွက်သွားမည်ဟု တာချီလိတ် စည်ပင်အမှုဆောင် အရာရှိက အလိမ်ခံရသူများနှင့် ဇူလိုင်
၂၅ ရက်က တွေ့ဆုံစဉ် ပြောကြားကြောင်း ဒေါ်နန်းရွှေလွင်ထံမှ သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် တည်ရှိသော ဝမ်ကောင်း ဈေးသစ်ကို မင်းခေတ်သစ် ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ဈေးသစ်ပြီးပါက ဆိုင်ခန်းခ ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ဆိုင်ခန်းများ ဝယ်ယူမရရှိမည်ကို စိုးရိမ်ပူပန်လျက် ရှိကြကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment