Pages

Saturday, July 19, 2014

လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ


RangonNewsDaily:: July . 19 .2014
အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူလိုက်ကြောင်း မျက်မြင်တွေ့သူ ကမာရွက်မြို့နယ် လှည်းတန်းမီးပွိုင့်တွင်ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္ဈိမကိုပြောသည်။
“ လမ်းပေါ်က လူတွေက တစ်မိနစ်ငြိမ်တဲ့အချိန်မှာ ကားတွေက ဟွန်းသံရှည်တွေ ဆွဲပြီး လာကြတဲ့ အဲဒီအထဲကမှ ကားတစ်စီးကို လိုင်စင်သိမ်းသွားတယ်”ဟု ကိုရဲရင့်ခန့်မောင်ကဆိုသည်။

အာဇာနည်နေ့မတိုင်ခင်က ဟွန်းသံရှည် တီးပါက လိုင်စင်ပိတ်သိမ်းမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောထားဖူးသည်။

လိုင်စင်သိမ်းခံရသည့် ယာဉ်မောင်း ကိုငြိမ်းမင်းသူကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

mizzima , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment