Pages

Saturday, July 19, 2014

မန်းကျောက်ဝိုင်း ဗုံးလန့်၊ ကျောက်စိမ်းထုပ် အခိုးခံရ

RangonNewsDaily:: July . 19 .2014
တရုတ်လူမျိုးအများဆုံး ကျောက်မျက် လာရောက်ဝယ်ယူရာ ကျောက်စိမ်း ဈေးကွက်ကြီး ဖြစ်သော မန္တလေးမြို့တော်ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဆိုင်တစ်ဆိုင်၏ ရေအေးစက်မှ ဂက်စ်ပိုက် ပေါက်သည်ကို ဗုံးပေါက်သည်ဟု ထင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး၊ ယင်းအချိန်တွင် ကျောက်စိမ်းထုပ် ခိုးယူခံရကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်ကုန်သည် အချို့က ပြောကြားသည်။
“လူတွေ အာရုံပြောင်းနေတဲ့ အချိန်မှာ မသမာသူက ခိုးသွားတာနေမှာ၊ ခိုးခံရတဲ့ သူက သိန်း ၂၅၀ တန်တဲ့ ကျောက်ထုပ်လို့ ပြောတယ်၊ ခိုးတဲ့သူလဲ မသိတော့ အမှုဖွင့်တာတော့ မရှိသေးဘူး၊ လူတွေက ဗုံးဆိုတော့ အကုန်ထွက်ပြေးကြတာ၊ လဲကွဲလို့ ဒဏ်ရာရတဲ့သူတောင် ရှိတယ်” ဟု ကျောက်စိမ်းကုန်သည် ဦးဆယ်သန်းက ဆိုသည်။

ယင်းသို့ ပျောက်ဆုံးမှုအတွက် မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးအကျိုးတော်ဆောင် ကော်မတီသို့ လာရောက် အသိပေး ပြောကြားမှုများ မရှိသေးကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အသံကြားကာ အနံ့ထွက်လာမှုကြောင့် ဗုံးဟု ဆိုကာ ကျောက်ဝိုင်းအတွင်း လူအများ ပြေးထွက်လာကြောင်း ယင်းဖြစ်စဉ်မှာ ဗုံးပေါက်ခြင်း မဟုတ်ဘဲ ရေအေးစက်မှ ဂက်စ်ပိုက် ပေါက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။
“ရဲတွေလဲ လာစစ်ပါတယ်၊ ဘာမှလည်း မဟုတ်တော့ အမှုဖွင့်တာလည်း မရှိပါဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

မန္တလေးမြို့တော်တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

The voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment