Pages

Saturday, June 7, 2014

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ

RangonNewsDaily: June . 7 .2014
မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေး
ငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်းအလိုမတူဘဲအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်း
တွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။
အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။

ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခက်တို့ကလည်း အဓမ္မပြုကျင့်ခဲ့သည့် အပြင် အခြား သူများ သိရှိ သွားပါက သတ်ပစ်မည်
ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ကာယကံရှင်ကပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၃၊ ဒီဇင်ဘာလ ၃၀ ရက်က တစ်ဖက်ရွာနေ ကရင်က ရေခပ်ပြန်လာသည့် မိန်းကလေးငယ်အား အဓ္ဓမပြု

ကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် ၎င်း၏ အဒေါ်နှင့်အတူ ရဲစ ခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ အမှုဖွင့်စဉ် အဓိက တရားခံ လှိုင်ကြည်စိုးက ထွက်ပေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအမှုကိုကိုင်တွယ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးက “အခုခေတ်မှာ အပြာကား

အခွေတွေ ပေါပေါလောလော ၀ယ်လို့ရနေတယ်။ ဒါကြောင့် ဒီလိုအဓမ္မမှုတွေက နိုင်ငံတစ်ဝန်းလုံးများလာတယ်။ အသက်
မပြည့်သေးတဲ့ သူတွေကို ဒီလို လုပ်တာကတော့ တော်တော်ဆိုးပါတယ်” ဟု မမီးမီးက သုံးသပ်ပြောကြားသည်။

Mizzima - News ,
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment