Pages

Tuesday, June 3, 2014

တောင်ကုတ်အကြမ်းဖက်မှု အဓိကတရားခံများ လွတ်မြောက်နေဆဲ


RangonNewsDaily: June . 3 .2014
တောင်ကုတ်မြို့မှာ ခရီးသွားပြည်သူ ( အစ္စလာမ်ဘာသာဝင် ) ၁၀ ဦး နေ့ခင်းကြောင်တောင် ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုရဲ့ အဓိက တရားခံတွေ ယနေ့ချိန်ထိလွတ်မြောက်နေဆဲပဲဖြစ်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။
ကျောက်နီမော်ရွာမှာ မသီတာထွေး အသတ်ခံရတဲ့ မှူးခင်းဓါတ်ပုံရိုက်သူနှစ်ဦးက မသီတာထွေးရဲ့ ရုပ်အလောင်းကို မြင်မကောင်းအောင် computer နဲ့ photoshop လုပ်ပြီး လုပ်ကြံခဲ့တာက စခဲ့တာပါ။
ဓါတ်ပုံကို photoshop လုပ်သူနှစ်ဦးမှာ ကျောက်နီမော်ရွာ / ရခိုင်စုရပ်ကွက်နေ မူလတန်းပြဆရာ ဦးကျော်သန်း ( မာန်အောင်မြို့ဇာတိ ) ရဲ့သား ကိုခိုင်မြတ်အောင် ဆိုသူနဲ့ ကျောက်နီမော်ရွာ / စံပြရပ်ကွက် / အထက်တန်းကျောင်းရှေ့နေထိုင်သူ မောင်မောင်ဦး ဆိုသူတို့ဖြစ်ပါတယ်။
::
သူတို့နှစ်ယောက်က မသီတာထွေးရဲ့ ရုပ်အလောင်းဓါတ်ပုံကို ရခိုင်တွေမြင်ရင် သွေးဆူလွယ်အောင်ရည်ရွယ်ပြီး computer နဲ့ photoshop လုပ်ခဲ့ကြကာ ကျောက်နီမော်ရွာမှာ လက်ရှိအိမ်ထောင်ကျနေတဲ့ ပေါက်တောမြို့နယ် ဇာတိ ကျူရှင်ဆရာ အောင်ဇံဝေ က ယင်းဓါတ်ပုံတွေကို ရမ်းဗြဲမြို့ အင်တာနက်ကဖေးက online တခွင်ဖြန့်ဝေခဲ့တာပါ။
အောင်ဇံဝေ ရမ်းဗြဲမြို့က ပြန်လာပြီး တောင်ကုတ်မြို့ကို ချက်ချင်း ခရီးဆက်ခဲ့ပါတယ်။
::
အောင်ဇံဝေ နဲ့ ခိုင်မြတ်အောင်ဆိုသူနှစ်ဦးက တောင်ကုတ်မြို့မှာ "ဝံသာနုရက္ခိတ " အဖွဲ့နဲ့ တွေ့ဆုံပူးပေါင်းပြီး မွတ်ဆလင်မ်ဆန့်ကျင်ရေးတွေ အကြီးအကျယ် လုပ်ခဲ့ပါတော့တယ်။တောင်ကုတ်မြို့ရှိ နေရာအနှံ့မှာ ခိုင်မြတ်အောင်နဲ့ မောင်မောင်ဦး တို့နှစ်ဦး photoshop လုပ်ထားတဲ့ မြင်မကောင်းတဲ့ မသီတာထွေးရဲ့ ဓါတ်ပုံတွေကို ဖြန့်ဝေခြင်း / ကွမ်းယာဆိုင် / ကားဂိတ် / လ္ဖက်ရည်ဆိုင်တွေက နံရံတွေမှာ လိုက်ကပ်ခဲ့တယ်။
ထိုအချိန်ဟာ အောင်ဇံဝေနဲ့ ခိုင်မြတ်အောင် တို့ရဲ့ မွတ်ဆလင်မဆန့်ကျင်ရေးလုပ်ရပ်တွေကြောင့် တောင်ကုတ်တစ်မြို့လုံးသွေးဆူနေကြပါပြီ။
::
တစ်ချိန်တည်းမှာပဲ မွတ်ဆလင်မ်ခရီးသွား ၁၀ ဦးက သံတွဲမှတောင်ကုတ်ကို ခရီးနှင်လာခဲ့ပါတယ်။တောင်ကုတ်ကတစ်ဆင့် မိမိနေရပ် ရန်ကုန်ကို ပြန်မလို့ပါ။
ခရီးသွားဆယ်ဦး တောင်ကုတ်ကိုသွားတော့ ရဲအောင်လံ အမြန်ယာဉ်ကို မစီးပဲ ဒီပြင်ကားစီးသောကြောင့် သံတွဲ ရဲအောင်လံကားဂိတ်မှူး ရဲအောင်လံကျော်ကျော် ( သံတွဲအကြမ်းဖက်ခေါင်းဆောင် ) က တောင်ကုတ်ကို မွတ်ဆလင်မ် ၁၀ ဦး လာနေကြောင်း " ဝံသာနု ရက္ခိတ " အဖွဲ့ ( တောင်ကုတ်အဖွဲ့ ) ကို သတင်းပို့လိုက်ပါတယ်။
::
ထိုအချိန်က တောင်ကုတ်မြို့က ရခိုင်တွေဟာ အောင်ဇံဝေ တို့ရဲ့ မွတ်ဆလင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေကြောင့် လုံးဝ သွေးဆူနေတဲ့အချိန်ပါ။
ရဲအောင်လံကျော်ကျော်ရဲ့ ကြိုတင်သတင်းပေးမှုကြောင့် တောင်ကုတ်မြို့က အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မယ့် Plan ကို စနစ်တကျ စီစဉ်ထားလိုက်ကြပါတယ်။
::
မွတ်ဆလင်မ် ခရီးသွား ၁၀ ဦးပါလာတဲ့ကား တောင်ကုတ်ဂိတ်ကို ရောက်ရောက်ချင်း တောင်ကုတ်ဂိတ်မှူးက အန္တရာယ်ရှိတယ် ချက်ချင်းထွက်သွားပါလို့ တိုးတိုးလေးပြောခဲ့ပါတယ်။ဒရိုင်ဘာက ချက်ချင်းပြန်ထွက်တယ်ဆိုပေမယ့် တောင်ကုတ်မြို့အထွက်မှာ ကားရှေ့ဆက်သွားမရအောင် သစ်တုံးများ / ခဲလုံးကြီးများ လမ်းတစ်လျှောက်ချထားပြီးဖြစ်ပါတယ်။ဒါဟာ တောင်ကုတ်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မယ့် Plan ပါ။
ကားရှေ့ဆက်မောင်းမရတော့ အောင်ဇံဝေ အပါအဝင် တောင်ကုတ်မြို့က မိန်းမ / ယောက်ျား လူ ၅၀၀ ဦး ခန့်က ကားပေါ်ပါလာတဲူ့ မွတ်ဆလင်မ်ခရီးသွား ၁၀ ဦးကို ရဲဒင်းနဲ့ လိုက်ခုပ် / ဓါးနဲ့ခုတ် / ရိုက် ဆိုတာမျိုးတွေ လူမဆန်စွာ အမျိုးယုတ်တို့ပီပီ စတင် အကြမ်းဖက်ခဲ့ကြပါတော့တယ်။
::
လူ အင်အား ၅၀၀ ဦး ခန့်ကို သာမန် ခရီး သွားပြည်သူတွေက မရှု့မလှ မသက်တွေ ပေးဆပ်ခဲ့ရပါတော့တယ်။
မြင်မကောင်းအောင်သေဆုံးသွားတဲ့ ခရီးသွားတွေရဲ့ ပါးစပ်ထဲ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီတွေကအစ လူမဆန် မျိုးမစစ် ဖမစစ်တွေပီပီ ထိုးထည့်ခဲ့ကြပါတယ်။
::
ဒီအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့တဲ့ အောင်ဇံဝေ နဲ့ ခိုင်မြတ်အောင် ဟာ အကြမ်းဖက်ပြီး ညတွင်းချင်း ကျောက်နီမော်ကို အရောက်ပြန်သွားခဲ့ပါတယ်။
လူမဆန်သူတွေရဲ့ တောင်ကုတ်အကြမ်းဖက်မှုရဲ့ အဓိက တရားခံ အောင်ဇံဝေ ( ကျောက်နီမော်ရွာ / ရခိုင်စုရပ်ကွက်) ရယ် မူလတန်းပြဆရာ ဦးကျော်သန်း ( ကျောက်နီမော်ရွာ / ရခိုင်စုရပ်ကွက် ) ရယ် သံတွဲမြို့မှ အကြမ်းဖက်ခေါင်းဆောင် ရဲအောင်လံကျော်ကျော် ရယ် ဒီ ၃ ဦးက အဓိက တရားခံတွေပါ။
::
သို့သော် တောင်ကုတ်အကြမ်းဖက်မှုတရားခံတွေကို ဟန်ပြ လိုက်လံဖမ်းဆီးတာမှာ ဒီ ၃ ဦ်းကို ချန်လှပ်ထားခဲ့ပြီး ယနေ့တိုင် အဓိက တရားခံ ၃ ဦးက လွတ်မြောက်နေဆဲပါ။
အောင်ဇံဝေနဲ့ ခိုင်မြတ်အောင်က ယနေ့တိုင် ကျောက်နီမော်ရွာမှာ အေးအေးလူလူ နေထိုင်ဆဲပါ။
::
သံတွဲမြို့က ရဲအောင်လံကျော်ကျော်လည်း ဆက်လက်ပြီး အကြမ်းဖက်ပြီးရင်း ဖက်ချင်နေဆဲပါ။
ဒါက တောင်ကုတ်အကြမ်းဖက်မှုနဲ့ အိက တရားခံတွေကို ကျနော် သိသလောက် တိတိကျကျ တင်ဆက်ခြင်းပါ။
::
အောင်ဇံဝေ နဲ့ ခိုင်မြတ်အောင် တို့ရဲ့ ရာဇဝင်ဆိုးတွေကို ဆက်လက်ရေးသားပေးပါ့မယ်။
ဓါတ်ပုံ ။ ။ တောင်ကုတ်မြို့မှာ ရခိုင်အစွန်းရောက်တွေရဲ့ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသော မွတ်ဆလင်မ်ခရီးသွား ၁၀ ဦးရဲ့ မြင်မကောင်းတဲ့ ရုပ်အလောင်းတွေပါ။
::
တောင်းပန်ခြင်း ။ ။ မိတ်ဆွေများခင်ဗျား။ဒီရုပ်အလောင်းပုံတွေကို လိုအပ်လို့ ပြန်တင်ပေးရတာပါ။အားလုံးခံစားနေရမှာသိပေမယ့် နားလည်ပေးစေလိုပါတယ်။
အပုချေ ( မာန်အောင်ကျွန်း ) ::--
KOLATT(PBDN)
RangonNewsDaily









0 comments:

Post a Comment