Pages

Tuesday, June 3, 2014

လေယာဉ်ဆီ ရောင်းချ ဖြန့်ဖြူးရန် ပုဂ္ဂလိက ကုမ္ပဏီများ စိတ်ဝင်စားမှု နည်းပါး

RangonNewsDaily: June . 3 .2014
မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ရောင်းချ ဖြန့်ဖြူးခြင်း လုပ်ကိုင်မည့် ကုမ္ပဏီ များအား ၂၀၁၄ မေလ (၂၆) ရက်တွင် အဆိုပြု
လွှာ ဖိတ်ခေါ်ခဲ့သော်လည်း တစ်ပတ်ခန့် ကြာသည့်အထိတင်ပြသူ မရှိကြောင်းသိရသည်။လေကြောင်းပို့ဆောင်ရေး ညွှန်
ကြားမှု ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်လေဆိပ် များတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကိုနိုင်ငံတကာ စံညွှန်များနှင့် အညီ အကောင်အထည် ဖော်ရန် ပုဂ္ဂလိကထံ အဆိုပြုလွှာ တင်ပြခိုင်းထားခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
““ဖုန်းနဲ့ဆက်ပြီး စုံစမ်း မေးမြန်းတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ အဆင်မပြေလို့လား မသိဘူး။ တင်ပြတဲ့သူ တစ်ယောက်
မှ မရှိသေးဘူး။ သတ်မှတ်ထားတဲ့ အချိန်အတွင်းတော့ စောင့်နေဦးမှာပါ””ဟု နေပြည်တော် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး တစ်ဦးက ပြော သည်။

အဆိုပါ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်သတ်မှတ်စံညွှန်း ပြည့်မီသည့် လေယာဉ်ဆီ၊ လေယာဉ်

ဆီသို လှောင်မှုစနစ်၊ လေယာဉ်ဆီ သယ်ယူပို့ဆောင် မှုစနစ်နှင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချမှု စနစ် စသည့် လုပ်ငန်း
များကို ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အဆိုပြုလွှာ ပေးပို့နိုင်ကြောင်း သိရသည်။

““ဒီအလုပ်ကိုဘယ်သူပဲလုပ်လုပ်အရည်အသွေးနဲ့ ဈေးနှုန်းသင့်တင့်တယ်ဆိုရင်ဝယ်ယူကြမှာပဲ။ကျွန်တော်တို့လေကြောင်း

လိုင်း ကတော့ ဒီဟာကို မလုပ်ဘူး””ဟု MAI လေကြောင်းလိုင်းမှ ဒါရိုက်တာ ဦးခင်မောင်လတ် ကပြောသည်။

လက်ရှိ၌ လေယာဉ်ဆီကို ပြည်တွင်းမှ လုံလောက်စွာမရရှိမှုကြောင့် ပြည်ပမှ ၀ယ်ယူကာ ပြည်တွင်းတွင် ပြန်လည် ရောင်း

ချနေပြီး၊ လေယာဉ်ဆီ တစ်ဂါလံလျှင် အမေရိကန် ဒေါ်လာ လေးဒေါ်လာ မှ ငါးဒေါ်လာ ၀န်းကျင် ပေးဝယ်ရကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန မှ သိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment