Pages

Monday, June 30, 2014

၅၉ နှစ်အတွင်း ပထမဆုံးအကြိမ်မြန်မာကာချုပ် ဖိလစ်ပိုင်သို့ ချစ်ကြည်ရေးခရီးသွား


RangonNewsDaily:: June . 30 .2014
နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၅၉ နှစ်တာကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေဖြင့် ဗိုလ်ချုပ်
မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်ချစ်ကြည်ရေးခရီးစဉ်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ချစ်ကြည်ရေးခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်သည် ဖိလစ်ပိုင်နိုင်ငံအစိုးရ၊ ဖိလစ်ပိုင်တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးသွားမည်ဖြစ်ပြီး မနီလာမြို့ရှိ ထင်ရှားသော နေရာများသို့ သွားရောက်လေ့လာမည်ဖြစ်သည်။

ဖိလစ်ပိုင်ခရီးစဉ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်ကာ မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စား
လှယ်အဖွဲ့ဝင်များ လိုက်ပါသွားကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment