Pages

Monday, June 30, 2014

အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု အတိုင်းအတာတစ်ခုထိသာ သက်ရောက်နိုင်ဟုဆို

အခြေခံဥပဒေပြင်ဆင်ရေး မုံရွာမြို့တွင် ဦးကိုကိုကြီး ဟောပြောနေစဉ် (ဓာတ်ပုံ −မျိုးမင်းဦး)
RangonNewsDaily:: June . 30 .2014
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ၈၈ ငြိမ်း/ပွင့်တို့ လုပ်ဆောင်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများ
သည် အတိုင်းအတာ တစ်ခုအနေဖြင့်သာ ဥပဒေပြင်ဆင်ရေးကို သက်ရောက်မှုရှိနိုင်သည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) က ပြောကြားလိုက်သည်။
စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးရရန် မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရ
မည်ဖြစ်သော ကြောင့် လွှတ်တော်တွင်း၊ လွှတ် တော်ပြင်ပမှ နိုင်ငံရေးပါတီများ နှင့် ပြည်သူများပူးပေါင်းဆန္ဒထုတ် ဖော်၍ ကြိုးပမ်းခြင်းသာဖြစ် ကြောင်း UNA အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

လွှတ်တော်တွင်းမှ ပြင်ဆင် ရန် ကြိုးပမ်းမှုများနှင့် လွှတ်တော် ပြင်ပမှ ကြိုးပမ်းမှုအားလုံးအမှန် တကယ်ဖြစ်နိုင်ရေးမှာ လွှတ် တော်တွင်း အများစုဖြစ်သော ကိုယ်စားလှယ်များ၏ ဆုံးဖြတ် ချက်ပေါ်တွင်သာ မူတည်နေသည်ဟုလည်း ဦးအေးသာအောင်ကမှတ်ချက်ပြုသည်။

‘‘လွှတ်တော်ထဲမှာလည်း ပြင်နိုင်မယ်လို့ ကျွန်တော်တော့ သိပ်ယုံကြည်မှုမရှိဘူး။ အခု NLD ကလုပ်နေတဲ့ လှုပ်ရှားမှုမှာလည်း သူတို့ကပြင်မယ်ပဲ ပြောတာ။ ဘယ်လိုပြင်မယ်ဆိုတာ မပြော နိုင်ဘူး’’ ဟု UNA အဖွဲ့ဝင်ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့်လွင် ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြု လုပ်နေသော အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး လှုပ်ရှားမှုသည် တစ်လအတွင်း၌ ပင် တိုင်းဒေသကြီး သုံးခုတွင် လက်မှတ်ပေါင်း ၂၆ သိန်းခန့်ရရှိ ပြီဖြစ်သည်ဟု သတင်းရရှိသည်။

သို့သော်အဆိုပါလှုပ်ရှားမှု များသည် အမှန်တကယ်ဆုံးဖြတ် နိုင်သည့် လွှတ်တော်ကိုယ်စား လှယ်များအတွက် ပြည်သူလူထု ၏ တွန်းအားတစ်ရပ်အနေဖြင့် သာရှိနိုင်မည်ဖြစ်ပြီး မည်မျှထိ ရောက်နိုင်မည်ကို မပြောနိုင် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြော ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ တို့ လုပ်ဆောင် နေသည့် ခြေ/ဥပြင်ဆင်ရေး လှုပ် ရှားမှုများကိုမူ ကန့်ကွက်မည် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက် မည်သာဖြစ်ပြီး အောင်မြင်မည်ဟု များစွာ မျှော်မှန်းနိုင်ခြင်းမရှိဟု ဦး စိုင်းညွန့်လွင်ကပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပါဝင် လက်မှတ်ရေးထိုးရန် ရှမ်းပြည်နယ်ရှိ ပါတီဝင်များကို ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်ရေး ဟောပြောပွဲများသို့ တက်ရောက် ခဲ့သည်။

7Day Daily , KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment