Pages

Tuesday, May 13, 2014

နွေရာသီတွင် ကျန်းမာစေရန်နှင့် ခန္ဓာကိုယ် အေးစေမည့် သစ်သီးငါးမျိုး

RangonNewsDaily: May . 13 .2014
ယခုနွေရာသီတွင် အပူချိန်မြင့်တက်နေစဉ် ခန္ဓာကိုယ်ကို အေးနေစေမည့် အကြံသစ်များကို ကျွန်တော်တို့အားလုံး ရှာဖွေနေကြသည်။ တစ်နေ့လုံး အဲကွန်းအခန်းထဲတွင် နေရန်မှာ မဖြစ်နိုင်သောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း အေးနေစေမည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
ဖရဲသီးစားပါ

ဖရဲသီးကို တစ်နှစ်လုံးစားသုံးပါက ခန္ဓာကိုယ်အတွက် ပိုကောင်းသည်။ ဖရဲသီးဖျော်ရည်တစ်ခွက် (သို့မဟုတ်) ဖရဲသီးတစ်စိတ်စားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ ကုန်ဆုံးသွားသောရေဓာတ်ကို ပြန်ဖြည့်ပေး နိုင်သည်။ ဖရဲသီးတွင် အသားအရေနေလောင်ပျက်စီးမှုကို ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း Lycopene ပါဝင်ပြီး နွေရာသီအတွက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်စွမ်းပေးနိုင်သည်။

မက်မွန်သီးစားပါ


မက်မွန်သီးများမှာ နွေရာသီအတွက် ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေမည့် အလွန်ကောင်းသော သစ်သီးဖြစ်သည်။ မက်မွန်သီးစားခြင်းဖြင့် အသားအရေကို ကောင်းစေပြီး ဗီတာမင်အေနှင့်စီတို့ပါဝင်ကာ အစာချေဖျက်မှုအားကောင်းစေသော ဖိုက်ဘာနှင့် အရွယ်တင်နုပျိုစေသော ဓာတ်ပစ္စည်းတို့လည်း ပါဝင်သည်။


လိမ္မော်သီးစားပါ


ရေငတ်ပြေပျောက်စေရန် လိမ္မော်ရည်တစ်ခွက်သောက်ခြင်းမှာအကောင်းဆုံးပင်ဖြစ်သည်။ ဗီတာမင်စီကြွယ်ဝပြီး ပိုတက်စီယမ်ပါဝင်သောလိမ္မော်သီးများမှာ ကြွက်သားများ နာကျင်မှုနှင့် နွေရာသီအတွင်း အလုပ်ပင်ပင်ပန်းပန်းလုပ်ခြင်းကြောင့် ဖြစ်နိုင်သည့် ကြွက်တက်ခြင်းကို ပြေပျောက်စေသည့် အာဟာရဓာတ်များ ပါဝင်သည်။ အထူးသဖြင့် အရေပြားကို သန့်ရှင်းစေပြီး အဆီပြန်ခြင်းကိုလည်း ကာကွယ်နိုင်သည်။


ကီဝီသီးစားပါ


ကီဝီသီးတွင် လိမ္မော်သီး၌ပါဝင်သော ဗီတာမင်စီ ပမာဏနှင့် ညီမျှသော ဗီတာမင်ပါဝင်သည်။ နွေရာသီတွင် စားသင့်သည့် အကောင်းဆုံး အသီးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို အထူးအေးမြစေကာ ဗီတာမင်အီး၊ ပိုတက်စီယမ်နှင့် ဖိုက်ဘာဓာတ်တို့လည်း ပါဝင်သည်။


အုန်းသီးစားပါ


အုန်းသီးမှာ ရေဓာတ်ပါဝင်မှုအများဆုံးအသီးများအနက် တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပေါပေါများများ ရရှိနိုင်သည့် အုန်းသီးမှာ နွေရာသီအတွက် ခန္ဓာကိုယ်လန်းဆန်းစေမည့်အသီးဖြစ်သည်။ ရေဓာတ်ပါဝင်မှုများသောကြောင့် နွေရာသီတွင် ခန္ဓာကိုယ်အေးမြနေစေရန် စားသုံးသင့်ပေသည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment