Pages

Tuesday, May 13, 2014

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မင်္ဂလာဆောင်မှ ပြန်လာသော ယာဉ်မှောက် ၍ သတို့သား သေဆုံး

RangonNewsDaily: May . 13 .2014
မိတ္ထီလာခရိုင်ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင်အောင်ပန်းမြို့မှမင်္ဂလာဆောင်ပြန်လာသောကားတစ်စီးတိမ်း
မှောက်ခဲ့ရာ အသက်သုံးဆယ်အရွယ် သတို့သား သေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၃၅၃ အနီးရှိ မြေတိုင်ကန် ကျေးရွာအနီးတွင် တောင်ဘက်မှ မြောက်ဘက်သို့ ယာဉ်မောင်း ရန်မျိုးအောင် အသက်(၂၉)နှစ် မောင်းနှင်၍ အောင်ပန်းမြို့တွင် မင်္ဂလာဆောင်ခဲ့သော သတို့သား ဇော်မြင့်မိုးနှင့် ဇနီးဖြစ်သူ အပါအ၀င်လူခြောက်ဦးတို့ လိုက်ပါလာသော Toyota Alphard ယာဉ်အမှတ် ၂ဃ/--- သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ခရီး သည်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကာ ၀မ်းတွင်းမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဇော်မြင့်မိုး အသက် ၃၀ နှစ် (ဘ)ဦးငယ်လေးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
::
အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ၀မ်းတွင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment