Pages

Monday, May 26, 2014

အင်ဂျင်အပူရှိန်လွန်ကဲကာ ဆိုင်ကယ်မီးလောင်ပေါက်ကွဲ၍ ၁ ဦးသေဆုံး


RangonNewsDaily: May . 26 .2014
၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့်နတ်
စင်ကုန်းကြား၊ နမ့်ဆန်-သီပေါကားလမ်းတွင် ဆိုင်ကယ်တစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ
နမ့်ဆန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများပါဝင်
သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာအသက်(၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ခန္ဓာ
ကိုယ်တစ်ခုလုံး မီးလောင်၊ ခါးအောက်ပိုင်းပွင့်ထွက်ညိုမဲ ဒဏ်ရာများနှင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာနေ အိုက်မောင်(ခ)ချစ်မောင်မောင်(၂၃)နှစ်ဖြစ်ပြီး သီပေါဘက်မှနမ့်ဆန်ကားလမ်းအတိုင်း ANBO-125 ဆိုင်ကယ်အားမောင်းနှင်လာစဉ် ဆိုင်ကယ်အင်ဂျင် အပူရှိန်လွန်ကဲ၍ ဓါတ်ဆီတိုင်ကီ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ယင်းသို့ ဆိုင်ကယ်မီးလောင် ပေါက်ကွဲမှုမဖြစ်ပွားမီ အိုက်မောင်(ခ) ချစ်မောင်မောင် မောင်းနှင်သည့်ဆိုင်ကယ်အား တစ်
ရွာတည်းနေ ချမ်းသာအောင်(၂၁)နှစ်မောင်းနှင်လာသည့် ၃၃/xxxxx JIMSHAM-125 ဆိုင်ကယ်က (၇)ပေခန့် အကွာမှ
ကျော်တက်စဉ် အိုက်မောင်၏ဆိုင်ကယ် မီးလောင်ပေါက်ကွဲမှုကြောင့် ချမ်းသာအောင်မှာဆိုင်ကယ်ပေါ်မှလွင့်ကျပြီး ယာ
က်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ့်ဆန်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ဆန်မြို့မရဲစခန်း(ပ)
၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment