Pages

Thursday, April 24, 2014

“The Chosen One”စာတန်းကို မန်ယူအသင်း ဖယ်ရှား


RangonNewsDaily: April . 24 .2014
မန်ချက်စတာ၊ ဧပြီ ၂၄။ ။ မန်ယူအသင်းသည် အသင်းနည်းပြဒေးဗစ်မိုယက်စ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ၎င်း၏ရုပ်ပုံပါ
ဝင်ကာ ၎င်းကိုရည်ညွှန်း၍ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ပွဲကြည့်စင်တွင် ချိတ်ဆွဲထားသည့် “The Chosen One” စာတန်းကို ဖယ်ရှား
လိုက်ပြီဖြစ်သည်။
မန်ယူအသင်းသည် ဂန္ထ၀င်နည်းပြဟောင်းဖာဂူဆန်၏ထောက်ခံမှုဖြင့် အဲဗာတန်အသင်းနည်းပြဟောင်းဒေးဗစ်မိုယက်စ်ကို အသင်း
နည်းပြသစ် အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ပရိသတ်များ၏ ထောက်ခံ အားပေးမှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် ၎င်းစာတန်းကို ယခုနှစ်
ရာသီအစကတည်းက ချိတ်ဆွဲထားခြင်းဖြစ်သည်။သို့သော်မန်ယူအသင်းအနေဖြင့် ယခုနှစ်ရာသီတွင် ရလဒ်များတောက်လျှောက်
ကျဆင်းခဲ့ကာ နည်းပြမိုယက်စ်အ နေဖြင့် မန်ယူအသင်းကို အောင်မြင်မှုရအောင် မစွမ်းဆောင် ပေးနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းကို လက်ရှိအချိန်တွင် ၀ါရင့်ကစားသမားရိုင်ယန်ဂစ်က ယာယီနည်းပြအဖြစ်ကိုင်တွယ်နေပြီး စနေနေ့

တွင်ကစားမည့် နောဝှစ်ခ်ျအသင်းနှင့် ပွဲမတိုင်မီတွင် “The Chosen One”စာတန်းကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ယင်းစာတန်းချိတ်ဆွဲရန် အကုန်အကျခံထား သည့် အသင်းပရိသတ်အုပ်စုတစ်ခုဖြစ်သော Stretford End Flags အုပ်စုအနေဖြင့် ယင်းနေရာတွင် အသင်း၏ဂန္ထ၀င်နည်းပြကြီးဆာ ဘော်ဘီ ချာလ်တန်ကို ဂုဏ်ပြုသည့်စာတန်းချိတ်ဆွဲရန် စဉ်းစားနေကြသည်။ 


Stretford End Flags အုပ်စုအနေဖြင့် “The Chosen One”စာတန်းကို မန်ချက်စတာမြို့ရှိ အမျိုးသားဘောလုံးပြတိုက်သို့ လှူဒါန်း
ရန်ပြင်ဆင်ထားကြောင်းလည်း အုပ်စု၏ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောကြား သည်။

KOLATT(PBDN)

RangonNewsDaily



0 comments:

Post a Comment